စစ်ပွဲတွေကြောင့်
ခင်ဗျားတို့ ဘ၀တွေ ပိုပြီး ၀ဖီးလာတယ်။
စစ်ပွဲတွေကြောင့်
ခင်ဗျားတို့ဇနီးမယား သားသမီးတွေ ပိုပြီးပွားစီးလာတယ်။
စစ်ပွဲတွေကြောင့်
ဆောက်တည်ရာမရ
လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး ဂျွမ်းထိုးမှောက်ခုန် စုံလုံးကန်းသွားချိန်မှာ။
ခင်ဗျားတို့ ဂေါ့ဖ်ကွင်းတွေမှာကြော့လို့
ခင်ဗျားတို့ ဘားကောင်တာတွေမှာ ကော့လို့
ခင်ဗျားတို့ တစ်စက်တစ်ပေါက်ဟာ ကျားကောင်ရေ ၁-သန်းအလား
ထွန်ယက်သူ ကျွန်တော်တို့ နွားကောင်ရေ သန်း ၆၀ ကျော်ကို မြိန်ရေယှက်ရေစားလို့။။
ခရမ်းပြာထက်လူ
၂ ၀ ၁ ၂
ခရိုနီ=crony
No comments:
Post a Comment