Friday, March 28, 2014

အခန်းထဲမှာ၊အပြင်ဖက်မှာ ◄ မောင်ဖီလာ ►

ငါဘုရားဖြစ်ရင်မင်းတို့ ကိုမမေ့ဘူး
ပိုးမွှားတွေပြည့်နေတဲ့အသားအိပ်ကြီးလို
အခန်းထောင့်မှာမူးခွေပြီးလဲနေတဲ့သူငယ်ချင်းကထအော်တယ်..။
အရက်တစ်လုံးကုန်တိုင်းပုလင်းလွတ်ကိုနံရံဆီပစ်ခွဲလိုက်တဲ့အခန်းထဲမှာ
ဖော်ဝေးနဲ့ မပြီးလို့ ရှေ့ ဆက်ရတယ်
ပီကာဆိုနဲ့ မပြီးလို့ ရှေ့ ဆက်ရတယ်
ဘွန်ဂျိုဗီနဲ့ မပြီးလို့ ရှေ့ ကိုဆက်နေရတယ်
ငါ့သူငယ်ချင်းအော်သံကလည်းမပြီးသေး
ငါဘုရားဖြစ်ရင်
ငါဘုရားဖြစ်ရင်
ငါဘုရားဖြစ်ရင်….။
နှာခေါင်းထဲအနံ့ တစ်ခုရနေတယ်
ကတ္တရာလမ်းပေါ်ကားနှစ်စီးတိုက်မိတဲ့အနံ့ 
အနံ့ တွေထဲမှာငါအကြိုက်ဆုံးက
ကိုယ်ရေပြားရောဂါကူးဆက်ခံလိုက်ရတဲ့
မာသာထရီဇာရဲ့ ကိုယ်နံ့ ဘဲ…။
သူ့ အမှားကိုသင်ခန်းစာယူဖို့ 
ကလင်တန်ကသူ့ အတွင်းရေးမှုးမလေးနဲ့ လိင်ဆက်ဆံရင်းပြောနေတယ်
ကျီးကန်းကဒင်္ဂါးပြားကို
ခွေးတစ်ကောင်လိုကိုက်ချီလာတော့
မှင်သက်လွန်းလို့ 
မူဆိုလီနီပါးစပ်ထဲကအသားတစ်ဟာပြုတ်ကျသွားတယ်
အဲဒီအသားတစ်ဟာ
ကလင်တန်နဲ့ လိင်ဆက်ဆံနေတဲ့အတွင်းရေးမှုးမလေးပေါ့
အခုခင်ဗျားအရာသာရှိဖို့ ကြိုးစားအားထုတ်နေရတဲ့
သဲနဲ့ ရှပ်ရှပ်ကဗျာပေါ့…။

မောင်ဖီလာ

စစ်သားတွေရဲ့ကောင်းကင်ဘုံ (သို့မဟုတ်) ဘော့စနီးယား ◄ မိုဃ်းဇော် ►

လမ်းပေါ်က
သင်သဘောကျတဲ့မိန်းမကို
စစ်ကားပေါ်ဆွဲတင်လိုက်ပါ။
ပြီးတော့
သူမရဲ့ပါးပြင်ပေါ် ဘယ်ပြန်ညာပြန်
မျက်ရည်တွေစီခြယ်ပေးလိုက်ပါ။
အော်သံကိုစားသုံး
ငိုသံကိုသုံးဆောင်
ဤလူ့ဘောင်အတွက်
နာကျင်ဖူးရောင်မှုတွေ ထပ်ဖြည့်ပေးလိုက်ပါ။
စစ်သားဆိုတာ
ယောက်ျားကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ
ယုံကြည်ဖို့
တဆတ်ဆတ်တုန်နေတဲ့ဂါဝန်ပေါ်က
ပန်းပွင့်တွေပြန့်ကြဲသွားတဲ့အထိ
သူရသတ္တိပြလိုက်ပါ။
အရှိုးရာအပြည့်
ကြောက်ရွံ့မှုအပြည့်
တုန်လှုပ်မှုအပြည့်နဲ့အသံနက်ကြီးထဲ
မျိုးချစ်စိတ်ငယ်ပါကို သွပ်သွင်းလိုက်ပါ။
အသက်ငင်နေတဲ့
ရင်အုံကို
အထပ်ထပ်အခါခါရိုက်
အထပ်ထပ်အခါခါနှက်
အထပ်ထပ်အခါခါထိုး
အထပ်ထပ်အခါခါကြိတ်
"ဘုရားသခင်ဆိုတာဘာလဲ"
"ဘုရားသခင်ဆိုတာဘာလဲ"လို့
ပုံပျက်နေတဲ့သားမြတ်ကို
မောင်းပြန်သေနတ်နဲ့တေ့ပြီး
ကျည်တစ်ကပ်လုံးကုန်အောင်
မေးမြန်းစိစစ်လိုက်ပါ။
အို
ဘော့စနီးယား
တစ်နည်းအားဖြင့်
စစ်သားတွေရဲ့ကောင်းကင်ဘုံ။ ။

မိုဃ်းဇော်
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း
မတ်၊၂၀၁၃။

Thursday, March 27, 2014

ခေတ်သစ်ပို့ကုန်များ



ဝန်ကြီးကတော့ စိုးရိမ်တယ် လို့ပြောတယ်
ကျွန်မတို့ မိသားစုတွေလည်း ဒါပဲပြောတယ်။
တစ်လ ငါးသိန်းလောက်ရမယ်ဆိုလို့
ရှေ့တန်းကို ထွက်လာတာ၊ ကတုတ်ကျင်းထဲက တက်လာတာ၊
ကျည်ဆံလက်ကျန်မရှိတော့တဲ့အခါ နောက်ဆုံးကျန်တဲ့လက်ပစ်ဗုံးတစ်လုံး
စနစ်တံဆွဲဖြုတ်ပြီး ပြေးတက်လာသလို တက်လာတာပါ။
ဒီအတွက် အစိုးရနဲ့ အေဂျင်စီကို သိန်းနှစ်ဆယ် အရစ်ကျပေးရမတဲ့။
အာရှမှာ ဝန်ဆောင်ခ အများဆုံးပဲတဲ့။
ပေးမယ် ကျွန်မတို့ ကြမ်းတိုက်ပြီး ပေးမယ်
ပေးမယ် ကျွန်မတို့ အဝတ်လျှော်ပြီး ပေးမယ်
ပေးမယ် ကျွန်မတို့ အိမ်သာဆေးပြီး ပေးမယ်
နောက်ထပ်တိုးတိုးလေး ထပ်ပြောမိတာက
ကျွန်မတို့ ခြေတော်အတင်ခံပြီး ပေးမယ်
ကျွန်မတို့ ကြိုးတုပ်အရိုက်ခံပြီး ပေးမယ်
ကျွန်မတို့ ရေနွေးပူအလောင်းခံပြီး ပေးမယ်
ကောင်စစ်ဝန်ရုံးက ပြောတယ်
နိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းကို လျော့ကျစေပါတယ် တဲ့
ပန်းစည်းလေးတွေနဲ့ လာကြိုရင်းပြောတယ်
ကျွန်မတို့ သူတို့လို အကောင်းမြင်ပေးချင်ပါတယ်
တကယ်က
အထည်ချုပ်စက်ရုံကို လစာတိုးတောင်းမိလို့ အလုပ်ပြုတ်တာပါ
နွေစပါးပျိုးမယ့် လယ်ကလေး အသိမ်းခံရလို့ပါ
ချုပ်နေတဲ့ အပ်ချုပ်ဆိုင်ကလေး ဈေးမီးလောင်တဲ့အထဲ ပါသွားလို့ပါ
ဖွင့်ထားတဲ့အသုပ်ဆိုင်ကလေး အဖျက်ခံရလို့ပါ
ဘာမှမပြောဘဲ အမှတ်တရဓာတ်ပုံပဲ အရိုက်ခံခဲ့တယ်။
အင်ဒိုနီးရှားအစိုးရက ဒီဈေးကွက်ထဲက နှုတ်ထွက်သွားတယ်
အာဆီယံဥက္ကဌက ဒီဈေးကွက်ထဲ ခုန်ဝင်လာတယ်
ဟောင်ကောင်လမ်းမများပေါ်မှာ
"ငါတို့ဟာ အလုပ်သမားတွေ၊ ကျွန်တွေမဟုတ်ဘူး" ဆိုတဲ့ပိုစတာတွေနဲ့
လူထောင်ပေါင်းများစွာဟာ အော်ဟစ်ချီတက်နေပြီ။
အဲဒီလူအုပ်ကြီးကို ရှောင်ပြီး ကျွန်မတို့ လာခဲ့ပါတယ်။
သူတို့ကိုင်ထားတဲ့ပိုစတာတွေကို မမြင်ဟန်ပြုလို့ လာခဲ့ကြတယ်။
ကျွန်မတို့ ဘယ်လောက်ကြာမယ်မသိဘူး
ဝန်ကြီးကတော့ စိုးရိမ်တယ်လို့ပြောတယ်
ခက်ခဲလွန်းတဲ့ကမ္ဘာတစ်ခုလုံး ဖျက်ပြီး ခက်ခဲလွန်းတဲ့တခြားကမ္ဘာတစ်ခုကို
အပျော်ခရီးထွက်လာတာမဟုတ်တဲ့ ကျွန်မတို့က ပိုစိုးရိမ်တယ်လို့
ပြောခွင့်ရရင် ပြောခဲ့ချင်တယ်။


ဟိန်း
၅.၃.၂၀၁၄

Friday, March 21, 2014

နိုင်ငံတော် မျှော်ခြင်း ◄ ဝင်းမြင့် ►

နိုင်ငံတော်ကို ကျွန်တော်ရောက်တော့
လူ ဖြစ်ပြီး ခုနှစ်နှစ်လောက်အကြာ
၁၉၇၅ မုန်တိုင်းကကျွန်တော်နဲ့ကျွန်တော့်မြို့ကို ရမ်းတယ်
လေကြောင့်လှုပ်နေတဲ့ သစ်သားအိမ်ကြီးပေါ်မှာ
ကလေး ဆိုတော့ "ပျော်တာပေါ့ အမေရယ် ၊ ကျောင်းကြီး" မှာပေါ့

နောင် မကြာခင်နှစ်များအတွင်း နိုင်ငံတော်
ဆိုရှယ်လစ်စနစ် ဆန္ဒခံယူပွဲတစ်ခု ပြုလုပ်တယ်
အိုးစည်ဒိုးပတ်နဲ့အလံတွေနဲ့၊ ရုပ်ပုံပါ စာတမ်းတွေနဲ့
အသက်မပြည့်သေးတဲ့ လူလေးကို
နိုင်ငံတော်မေးခွန်းတွေနဲ့ တီးခေါက်တယ်
ကလေးဆိုတော့ လူကြီးအလုပ်တွေပါလို့ ပြောကြည့်တယ်

နိုင်ငံတော်ကို ပြောကြည့်တော့
ကျွန်တော့်ကို လူပျိုပေါက်အရွယ်အဖြစ်
နိုင်ငံတော်တိုးပေးတယ်၊ ကျောင်းတွေ၊ အသက်တွေ
ပတ်ဝန်းကျင်ဟောင်းမှာ တစ်နှစ် တစ်တန်း
နှစ်နှစ် နှစ်တန်း စသဖြင့် အစဉ်အတိုင်းအောင်လာတယ်
ရည်းစားသနာလေးလည်း နိုင်ငံတော် ပေးသနားလို့ ထားရတယ်
ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်၊ လူရည်ချွန်
တစ်ခုခုမထူးချွန်တော့ ကျွန်တော့်ကို စာအုပ်တွေဖတ်ဖို့
စာအုပ်ဆိုင်လေး ဖွင့်ပေးတယ် ၊ " စာတွေဖတ် " ၊
နိုင်ငံတော် ပြောပြီး ပြန်သွားတယ် ၊
"ပြန်မလာ" "ပြန်မလာ" နဲ့ ကြာတောင့်ကြာခဲမှ နိုင်ငံတော်
မျက်နှာမသာမယာနဲ့ ပြန်လာတယ် ၊
ဒါပေမဲ့ ပိရိသေသပ်တဲ့ မျက်နှာထားနဲ့ ။

ကျွန်တော့်ကို အသက်နှစ်ဆယ်အထိ တိုးပေးတယ်
သူနဲ့အတူလမ်းတွေပေါ်မှာ ကျွန်တော့်လိုအရွယ်တွေ
နိုင်ငံတော် ရှေ့က တိုင်ပေးတယ် ၊ လိုက်အော်တယ်
နိုင်ငံတော် အော်တယ် "တို့ အရေး"
ကျွန်တော် လိုက်အော်တယ် "တို့ အရေး"
နိုင်ငံတော် အော်တယ် "တစ်ပါတီစနစ် ကျဆုံးပါစေ"
ကျွန်တော် လိုက်အော်တယ် "အာဏာရှင်စနစ် ပြုတ်ကျပါစေ"
နိုင်ငံတော် ရှစ်လေးလုံး လို့ပြောတယ် ၊
ကျွန်တော်တို့မြို့မှာ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတစ်စု စလှုပ်လိုက်တယ်
အရေးအခင်းလို့ ပြောတယ် ၊ကျွန်တော့်နောက်မှာ
"စိုးမိုးထွန်း" ၊ လယ်ကွင်းတွေထဲကို ဖြတ်လိုက်လာတယ်
နောက်တော့ နှစ်များစွာ မှောင်မည်းတိတ်ဆိတ်သွားတယ်
ရောဘတ်အိုဝင် နဲ့ ဒေါက်တာဝီလျှံကင်း တို့ရဲ့
သူတို့အိမ်က သမ၀ါယမဆန်ထုတ်တဲ့ ကုန်ထုတ်စာအုပ်တွေ
နိုင်ငံတော် ပြန်သိမ်းသွားတယ်။

ထို့နောက် အုံ့မှိုင်းပြီးထုံထိုင်းဆန်တဲ့နှစ်တွေ ထပ်မံဖြတ်သန်း
နိုင်ငံတော်လည်း ကျွန်တော့်ကို မနိုင်တော့သလို လုပ်နေတယ်
ကျွန်တော်လည်း နိုင်ငံတော် ကို မနိုင်
နိုင်ငံတော် ကလည်း ကျွန်တော်တို့ကို မမျှော်
ကျွန်တော် လည်း နိုင်ငံတော် မမျှော်ဖြစ်သလို ကြည့်နေကြတယ်
နိုင်ငံတော်က ကျွန်တော့်ထံ ၁၉၉၀ လောက်မှာ စာတစ်စောင်လာတယ်
၁၉၉၁ လောက်မှာ ကျွန်တော် စာပြန်ရေးတယ်

ကျွန်တော်က ခေါင်းက "ပတ်တီးစ" ကို ကိုင်ပြပြ်ီး
"စံပယ်ပွင့်ချိန်" လို့ပြောတယ်
"နီးစပ်ရာ ဆေးခန်းသွားပြကွာ" လို့ နိုင်ငံတော် စာပြန်တယ်
"လက်တစ်ဖက်ပြတ် အကျီင်္" ကျွန်တော် ပြောတယ်
"ကျန်တဲ့ လက်တစ်ဖက်ပါ ဖြတ်ပစ်မယ်" လို့ နိုင်ငံတော် ကျိန်းတယ်
အခြေအနေအရပ်ရပ်ကို "မြတ်ခင်းပေါ်မှာ" ဆိုပြီင်္း တင်ပြတယ်
နိုင်ငံတော် စာပြန်မလာဘူး
ကျွန်တော်"ပုသိမ်"လို့ ပြောတယ်
နိုင်ငံတော် "ပယ်တယ်" လို့ ပြန်ပြောတယ်
ကျွန်တော်က သံဝေဂရဖို့ "ပဲ့တင်"လို့ ပြောတယ်
ဒါပေမယ့် နိုင်ငံတော်က "မင်း ပြောသလို ၀ဋ်လိုက်မှာတော့ စိုးပါသတဲ့"
နောက်တော့ နိုင်ငံတော် ကျွန်တော့်ကို နေရာချထားပေးတယ်
တာဝန်ချထားပေးတယ် ၊ " ဇနီး တစ်ယောက်"
ခံစားခွင့်ပေးတယ် "သားတစ်ယောက်"
ဒါပေမယ့် နိုင်ငံတော် "မအော်နဲ့" လို့တော့
ကျွန်တော့်ကို အပြတ်ပြောထားတယ်
ညအိပ်ရင် ဧည့်စာရင်း တိုင်အိပ်ကွာလို့ ရန်ကုန်က မှာသေးတယ်
ဒီလိုနဲ့ ကျွန်တော် ဆက်သွားတယ် ၊ နိုင်ငံတော် ဆက်သွားတယ်
နိုင်ငံတော်ကို ကျွန်တော် မျှော်တယ်။

၂၀၁၀ မှာ နိုင်ငံတော် ပြန်ပေါက်ချလာတယ်
သမ္မတ ပေးမယ် ၊ လွှတ်တော် ပေးမယ်
ရွေးချယ်မှု နဲ့ ခေါင်းဆောင် တစ်ယောက်ပေးမယ်
ကျွန်တော့်ကို ခြစားမှုတွေ ၊ ကြောက်ရွံ့မှု တွေနဲ့
ဆင်းရဲတွင်းနက်နေမှုကို တောင်းပန်တယ်
နိုင်ငံတော် ကျွန်တော့် ရှေ့မှာ ပြောတယ်
"နိုင်ငံတော်ကို ခင်ဗျားတို့ ပိုင်ပါတယ်" တဲ့
ကျွန်တော် ဖြတ်ခနဲ ကြည့်လိုက်ရင်း ကျွန်တော့်ကိုလည်း နိုင်ငံတော် ပိုင်ပါတယ်
ပြ်ီးတော့မှ ကျွန်တော့် ရဲ့ "မိုးစက်တွေကို "အစချီ မိသားစု ကဗျာကို ရွတ်ဆိုလိုက်တယ်
နိုင်ငံတော် "ဘယ်တော့မှ ကျိုးကြေမသွားဘူး" လို့
ကျွန်တော် နဲ့ အတူ လိုက်ဆိုတယ်
နိုင်ငံတော်ဟာ ခေါင်းတညိတ်ညိတ် နဲ့
နိုင်ငံတော် မပျော်တာကြာပြီ။   ။

ဝင်းမြင့် 

၂၀၁၂ ၊ အောက်တိုဘာ
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

( ၂၀၁၂ အလယ်ရိုးမကဗျာဆုရ )

မနှစ်ကလိုတော့ ကျလို့မဖြစ်ဘူး ဖိုးလပြည့် ◄ ထွဏ်းသွေးအိမ် ►

ထားတော့
ဗိုက်အောင့်လို့၊ခါးနာလို့၊ကိုယ်ပူလို့
၂၀၁၃ တုန်းကအကြောင်းပြချက်တွေ

ငါ့အဖေလည်း အသက်ကြီးပြီ
မင်းအမေ ငါ့အမကလည်း နှလုံးရောဂါနဲ့
မင်းများမအောင်ခဲ့ရင်
ငါတွေးတောင်မတွေးရဲဘူး ငါ့တူ

ကျွန်မ၃၄လမ်းဖြစ်ချင်တယ် ◄ မောင်ဖီလာ ►

ဘယ်ရောက်နေလည်းမေးလိုက်တိုင်း၃၄လမ်းရောက်နေတယ်
ရှင်က၃၄လမ်းကိုပဲရောက်ရောက်နေတော့
ကျွန်မ၃၄လမ်းဖြစ်ချင်လာတယ်…။
ကျွန်မသာ၃၄လမ်းဆို
ရှင်ကျွန်မဆီနေ့ တိုင်းရောက်ရောက်လာမှာပဲ
အဲဒီ၃၄လမ်းထဲမှာ
သင်္ဘောပျက်နဲ့ တူတဲ့လက်ဖက်ရည်ဆိုင်ထဲမှာ
ရှင်က`မာယာကော့ဖ်စကီးလ်´လိုခြေချိတ်ပြီးထိုင်ထိုင်နေတယ်
ဆူညံသံတွေနဲ့ ပျစ်ခဲနေတဲ့နေ့ လည်ခင်းထဲမှာ
စက်သတ်ထားတဲ့သစ်ခွဲစက်ကြီးလို ရှင်ထိုင်နေတယ်
အဲဒီအေးစက်နေတဲ့သံထည်သံသားဓါးစက်ကြီး
ပူနွေးယောင်ကိုင်းလာတဲ့အထိ
ကျွန်မနှုတ်ခမ်းသားနဲ့ ဖိပြီးနမ်းထားခဲ့ရတာ ရှင်မေ့မနေပါနဲ့ 
၃၄လမ်းဟာရှင့်အတွက်`လီဒို´လမ်းမကြီးဆို
ကျွန်မကအဲဒီ`လီဒို´လမ်းမကြီးအရိပ်ရအောင်အုပ်မိုးပေးထားတဲ့
မိုးတိမ်ပြာပြာဆိုတာကိုမေ့မနေပါနဲ့ 
ရှင့်ဆီကရောက်လာမယ့် message ကို
`လ´ရောင်ဖြာကျလာသလိုကျွန်မမျှော်နေမိတယ်
အခုတော့ကျွန်မတို့ နှစ်ယောက်ဟာတစ်ယောက်တည်းဖြစ်သွားတယ်
ကန်ရေပြင်ထဲမိုးစက်မိုးပေါက်တွေကျသွားသလို
တစ်ယောက်တည်း
အရှေ့ ဘာလင်နဲ့ အနောက်ဘာလင်ပူးပေါင်းသွားသလို
တစ်ယောက်တည်း
တီကောင်တစ်ကောင်မှာလိင်အင်္ဂါနှစ်မျိုးလုံးပါနေသလို
တစ်ယောက်တည်း
ပလူကောင်အုပ်ထဲ
ပလူကောင်တစ်ကောင်ရောနှောဝင်ရောက်သွားသလို
တစ်ယောက်တည်း
အဲဒီတစ်ယောက်တည်းဟာ
အခု၃၄လမ်းထဲမှာ
သင်္ဘောပျက်နဲ့ တူတဲ့လက်ဖက်ရည်ဆိုင်ထဲမှာထိုင်နေတယ်
ကျွန်မခန္ဓာကိုယ်ထဲရှင်ဝင်ရောက်အသက်ရှင်နေထိုင်နေသလို
ရှင့်ခန္ဓာထဲကျွန်မ၀င်ရောက်အသက်ရှင်နေထိုင်နေသလိုပေါ့…။

မောင်ဖီလာ