Sunday, March 24, 2013
ခေတ်ပျက်ကြီးထဲမှာ လူပြက်တွေအဖြစ် ငါတို့ အသုံးတော်ခံကြတယ်
ဓားကို ကျောက်တုံးပေါ်တင်သွေးမယ့်အစား
ဓားကို စာအုပ်တွေပေါ် တင်သွေး
ဓားကို ကိုယ်ချင်းစာတရားပေါ် တင်သွေး
ဓားကို မျက်ရည်နဲ့သုတ်ပြီး သွေး
တောစပ်ကလေးမှာမီးကျွမ်းနေတာ ငါ့အဖေ
ဘောလုံးကွင်းထဲမှာ စုပြုံကြပ်ညပ်နေတာ ငါ့အမေ
ကြောက်လန့်တကြားပြေးထွက်လာတာ ငါ့ညီလေး
ဒါပဲ မလား။ ဒါလေးပဲမလား။
ဓားကို ဆင်ခြင်တုံတရားပေါ်တင်သွေးစမ်းပါ။
Friday, March 15, 2013
ကျွန်တော့်ကျက်သရေကို သူတို့လာတုံးတယ်မေမေ
ဓားဟာ ရေမြွေလို ခွေထားတဲ့အရာပဲ။
ဘာအကြောင်းနဲ့မှ နောက်ကျောတွေနဲ့ မရင်းနှီးစေခဲ့။
စားပွဲပေါ်ပစ်စိုက်ပြီး တစ်ယောက်နဲ့တစ်အုပ်တစ်သင်း
ရှင်းရဲပါတယ်။
ငါးပါးသီလမမြဲဘူး
ကျွန်တော့်လိပ်ပြာ ရဲတယ်။
ဒါကြောင့် ..
မေမေငိုခဲ့
အောင်စာရင်းတွေနဲ့လွဲခဲ့
တောင်တန်းပေါ်ကခုန်ချခဲ့
ဆံပင်တွေရှည်ခဲ့
နေ့တွေမှာ လောကကြီးအပြင်ကို ကျွန်တော်ရောက်ရောက်နေပြီး
ညတွေမှာ ကျွန်တော့်အပြင်ကို လောကကြီးရောက်ရောက်နေခဲ့
ဒီလိုရင်းပြီး ဒီလမ်းကိုဖောက်၊ ဒီလမ်းကိုလျှောက်နေတုန်း
သူတို့က ခပ်လွယ်လွယ်ဖြတ်တားတယ်။
Thursday, March 14, 2013
ပြည့်တန်ဆာမှတ်စု ◄ မောင်ယုပိုင် ►
ကျွန်မတို့ဟာ
မြို့ကြီးရဲ့ လက်နှစ်ဖက်ကို ကုတင်တိုင်မှာ ပုဝါပါးနဲ့ ဖွဖွလေးချည်ထားတယ်။
မြို့ကြီးထဲက လူကြီးမင်းဆိုသူများ
ကျွန်မတို့ရဲ့ အပေါစားပေါင်ဒါအနံ့မှာ လာလာအညံ့ခံကြ။
ကျော်မကောင်းကြားမကောင်းဖြစ်မီ လူကြီးလူကောင်းများ
ဖွတ်မထွက်မီ ကြောင်သူတော်ကြီးများ
လိင်စိတ္တဇမ၀င်မီ လူရိုးလူအ ဆိုသူများ
အားလုံးအတွက်စီစဉ်ထားပါတယ်။
မြို့ကြီးရဲ့ လက်နှစ်ဖက်ကို ကုတင်တိုင်မှာ ပုဝါပါးနဲ့ ဖွဖွလေးချည်ထားတယ်။
မြို့ကြီးထဲက လူကြီးမင်းဆိုသူများ
ကျွန်မတို့ရဲ့ အပေါစားပေါင်ဒါအနံ့မှာ လာလာအညံ့ခံကြ။
ကျော်မကောင်းကြားမကောင်းဖြစ်မီ လူကြီးလူကောင်းများ
ဖွတ်မထွက်မီ ကြောင်သူတော်ကြီးများ
လိင်စိတ္တဇမ၀င်မီ လူရိုးလူအ ဆိုသူများ
အားလုံးအတွက်စီစဉ်ထားပါတယ်။
Friday, March 8, 2013
နံရံဂစ်တာ ◄ ၀ိုင်ချို ►
ခုံတန်းပြာတွေ မပြာတဲ့အထဲ
လရောင်ဝါလည်း မ၀ါတော့
စံပယ်ပွင့်တွေ မပွင့်ဘူး။
မာနနဲ့ ချိတ်တွယ်နေတဲ့ မိုးတွေ
ရည်ရွယ်ချက်မဲ့တဲ့ လေတွေဆီ
ရောက်လာပေမယ့် ရောက်မလာဘူး။
ကြည့်ရင် မြင်နိုင်ပေမယ့်
ကြည့်လို့မှ မမြင်နိုင်အောင်
နှင်းတွေ ကျနေတာပါ နှင်း
ခံစားချက်ပြင်းထန်တဲ့ ရင်တစ်ခွင်လုံးဟာ
လွမ်းလို့ သေတောင် မလွမ်းတော့ဘူး။
ဝိုင်ချို
လရောင်ဝါလည်း မ၀ါတော့
စံပယ်ပွင့်တွေ မပွင့်ဘူး။
မာနနဲ့ ချိတ်တွယ်နေတဲ့ မိုးတွေ
ရည်ရွယ်ချက်မဲ့တဲ့ လေတွေဆီ
ရောက်လာပေမယ့် ရောက်မလာဘူး။
ကြည့်ရင် မြင်နိုင်ပေမယ့်
ကြည့်လို့မှ မမြင်နိုင်အောင်
နှင်းတွေ ကျနေတာပါ နှင်း
ခံစားချက်ပြင်းထန်တဲ့ ရင်တစ်ခွင်လုံးဟာ
လွမ်းလို့ သေတောင် မလွမ်းတော့ဘူး။
ဝိုင်ချို
သေရမှာ သိပါတယ်
အရင်တုန်းက ထင်ခဲ့တယ်
ကိုယ်က အရင်ပျက်မယ်
ကမ္ဘာကြီးက ကိုယ့်နောက်မှ ပျက်မယ်လို့
ခုတော့ ကမ္ဘာကြီးက အရင်ပျက်ပြီ
ကိုယ်ကလည်း မပျက်တပျက်
သေရမှာ သိပါတယ်။ ။
လှသန်း
(မောင်သီးသန့်ကလောင်နဲ့ ရေးခဲ့)
ကိုယ်က အရင်ပျက်မယ်
ကမ္ဘာကြီးက ကိုယ့်နောက်မှ ပျက်မယ်လို့
ခုတော့ ကမ္ဘာကြီးက အရင်ပျက်ပြီ
ကိုယ်ကလည်း မပျက်တပျက်
သေရမှာ သိပါတယ်။ ။
လှသန်း
(မောင်သီးသန့်ကလောင်နဲ့ ရေးခဲ့)
ဗေဒင်မေးကြည့်ခြင်း
၂၀၁၁မှာ အောင်မြင်မယ် တဲ့
ဘာတွေ အောင်မြင်မှာလဲ
အလုပ်လုပ်မယ်ဆိုရင် ကြာသပတေးနေ့ စ လုပ်ပါ တဲ့
ဘာထူးမှာမို့လို့လဲ
အလုပ်လုပ်မယ်ဆိုရင် တနင်္ဂနွေနံနဲ့စတဲ့ အလုပ်လုပ်တဲ့
အရက်ဆိုင်ဖွင့်ရမှာလား၊ အနှိပ်ခန်းဖွင့်ရမှာလား
သူရဿတီမယ်တော် စောင့်ရှောက်မယ်တဲ့
ကိုယ့်မိန်းမလောက် စိတ်မချရဘူး
ငွေရှာလို့လွယ်မယ် ပိုက်ဆံမမြဲဘူး တဲ့
မဟုတ်ပါ မဖြစ်နိုင်ပါ
ဘာတွေ အောင်မြင်မှာလဲ
အလုပ်လုပ်မယ်ဆိုရင် ကြာသပတေးနေ့ စ လုပ်ပါ တဲ့
ဘာထူးမှာမို့လို့လဲ
အလုပ်လုပ်မယ်ဆိုရင် တနင်္ဂနွေနံနဲ့စတဲ့ အလုပ်လုပ်တဲ့
အရက်ဆိုင်ဖွင့်ရမှာလား၊ အနှိပ်ခန်းဖွင့်ရမှာလား
သူရဿတီမယ်တော် စောင့်ရှောက်မယ်တဲ့
ကိုယ့်မိန်းမလောက် စိတ်မချရဘူး
ငွေရှာလို့လွယ်မယ် ပိုက်ဆံမမြဲဘူး တဲ့
မဟုတ်ပါ မဖြစ်နိုင်ပါ
ဝန်ခံခြင်း
ဘယ်သူဟာ
သွားကြားထိုးနေရင်း
ပဲခူးရိုးမထဲက ၀ါးရုံတောကြီးကို သတိရကြမှာလဲ
အတွေးတွေကို ဆန့်မထုတ်နိုင်သေးသ၍
ကျွန်ုပ်တို့ ညံ့ခဲ့ကြတာ သေချာတယ်။ ။
လှသန်း
(မောင်သီးသန့် ကလောင်နဲ့ရေးခဲ့)
သွားကြားထိုးနေရင်း
ပဲခူးရိုးမထဲက ၀ါးရုံတောကြီးကို သတိရကြမှာလဲ
အတွေးတွေကို ဆန့်မထုတ်နိုင်သေးသ၍
ကျွန်ုပ်တို့ ညံ့ခဲ့ကြတာ သေချာတယ်။ ။
လှသန်း
(မောင်သီးသန့် ကလောင်နဲ့ရေးခဲ့)
Subscribe to:
Posts (Atom)
