လိုအပ်နေသေးရင်
Thursday, January 10, 2013
ပစ်ကယ်ဆလပ် ချဉ်ငံစပ် ◄အမွန်မွန်း►
ကိုယ့်ခါးနံပါတ်ကို ကိုယ်ကြည့်ပါ။ နံပါတ်တွေ တူရာစု။ ခေါင်းစဉ်တွေ ဥကြတာပေါ့။
ကဲကဲကဲ အရေးကြီးတာက နံပါတ်တစ် ပထမ အရင်ဆုံး ကြွပါ လာပါ ချီးမြှင့်ပါ။
ပရိတ်သတ်ကြီးခင်ဗျာ အားတော့နာပါရဲ့ စကားလုံးက အသစ်စက်စက် ရုပ်ထွက်ပဲ နည်းနည်းညံ့နေတယ်။
ဟောဒီမှာ ဟိုးပဝေသဏီက ငြိမ်းချမ်းရေးပါ ဟုတ်ကဲ့ လက်ဖက်ရည်ဆိုင်နာမည် မဟုတ် ဟိုင်းဝေးကားနာမည် မဟုတ်ပါ။
တဆိတ် လက်သီးလက်မောင်း တန်းပါရစေ။ အား နဲ့ ပါခင်ဗျာ။ အားလို့ ပါခင်ဗျာ။ မာန်နဲ့ ပါခင်ဗျာ။ အမှန် နဲ့ ပါခင်ဗျာ။ မျိုးချစ်စိတ်ရှိပါတယ်။ ကိုယ့်အမျိုးကိုယ်ချစ်ပါတယ်။ မြန်ပါတယ်။ မာပါတယ်။ အားတိုးဆေးပါခင်ဗျာ။ မျိုးချစ်စိတ်ရှိသူများ လိုက်ခ် လုပ်ကြပါ။ မျိုးချစ်စိတ်ရှိသူများ ဘုတ်ခ် ပေးကြပါ။
လမ်းကြုံရင် ထောလပတ်ခေါင်းလိမ်းဆီ ကိုယ့်အတွက် တစ်ပုလင်းဝယ်ခဲ့ပေးပါ။
ဆံပင်သန်ပါတယ်။ တလွဲကောင်းပါတယ်။ ဂျက်လီကဲ့သို့ ရှေ့ တစ်လက်မပြောင် နောက်မြီးတွဲပါတယ်။
အို ဟိုကဗျာက ရန်ကုန်ုမြို့ ကြီးဝတ်လာပြန်တယ်။ ဘယ့်နှယ့် နံ့ စော်နေတာပဲ။ စုတ်ပြတ်သတ်နေတာပဲ။
ရင်ခုန်စရာတွေ ပြည့်နှက်နေပုံက ဆက်စီကျလိုက်တာ။ ဟိုနားပေါ် ဒီနားပြဲ ခင်ဗျားဝတ်ထားတာ ခင်ဗျားအရိပ်ပဲ။ နောက်တခါ ရန်ကုန်မြို့ ကြီးကို လျှော်ဖွတ်ပြီးမှ ၀တ်လာပါ။ သူ့ ခမျာ ခင်ဗျားတို့ ကိုယ်ပေါ်ရောက်မှာ သောက်တလွဲ။ ဟိုဘက်က ကဗျာ ငိုလှချည်လားဗျာ။ အသည်းကင်ဆာ နှလုံးသားမှာမြစ်ပွားနာ ဟုတ်စ။ ရွှေယုန်မင်းလိမ်း။ မြစ်ပွားနာ ဂရင်ဂျီနာ အသည်းကွဲနာ အကုန်ပျောက်တယ်။ ကွဲကြပါ။ ကွာကြပါ။ ခွာချပါ။ အသည်းကို အရသာခံ ကြေကွဲခြင်းဖြင့် အကယ်ဒမီရပါစေ။ ကိုကြီးကျော်မပါစေ။  အမေဂျမ်း မပါစေ။ အသည်းကွဲသော ရောဂါ ကူးဆက်ပြန့် ပွားကြပါစေ။ မြို့ တွေ ၀တ်လာတဲ့ လူတွေ မြို့ ထဲပြန်သွားပါ။ ဖောက်ထွက်နိုင်ကြပါစေ။ဖျောက်ဖျက်နိုင်ကြစေ။
အချစ်သူရဲကောင်းများ တက်လာပါ။ မမြ၀င်းမှ မမြ၀င်းပဲလား ဗိုလ်အောင်ဒင်။
ဂျူးလိယက်မှ ဂျူးလိယက်ပေါ့လေ ရိုမီယို။ ရိုမန့် တစ်ဆိုတာ ရိုဟင်ဂျာရဲ့ ဒွေးတော်လားကွဲ့ ။
အချစ်ကြီးကြသူများ ချစ်တီးကုလားထံ အပေါင်ခံပါ။အချစ်များ  ပိုလျှံတဲ့အခါ ဒီရေတက်တတ်၏။
နှပ်ထွက်တတ်၏။ ထိုကဗျာများ ဈေးကွက်ဝင်၏။ ဗယ်လန်တိုင်းဒေးတွင် စင်ပေါ်တက်နိုင်၏။
အချစ်ကို အမြတ်ထုတ် ကဗျာလုပ်ရေးဦး တစ်ပုဒ်တစ်ထောင့်ငါးရာ။ ဂရင်းအတွက် ရင်းစရာပဲ။
ဘာကျန်သေးလဲ ရာသီစာ။ ရာသီမှာ လာသော ရာသီစာ။ အပီကိုင်စရာ။
ရာသီစာ များကို သူ့ ရာသီနှင့်သူ မှီဝဲခြင်းဖြင့် ဘော့ပင်နှင့်စာရွက် အဆင်သင့်ရှိပါစေ။
လန်ပီ။ လန့် ပြီးမဖတ်ရ။ လှန်ပြီးမဖတ်ရ။ သို့ သော်ဖတ်ပြီး လန်းမည်။ မလန့် ရသော လန်ပီ။
စာလုံးပေါင်းမှားတာ မပြောနဲ့ အသံထွက်တောင်မှ မမှန်ချင်တဲ့ ကြိုးနဲ့ ရစ်။
ခပ်ရင့်ရင့်တွေ က ခင်ဗျားလား ဖလပ်ဖလပ်နဲ့ ဖလန်းဖလန်းကို ထနေတော့တာပဲ။
ဂျွတ်ဆတ်ဆတ်မာကြောကြောတွေက ခပ်ကြမ်းကြမ်းဘဲ။ မကျေနပ်ဘူးလား။ ဖက်နမ်းရောပဲ။
အင်ဖက်ပြောပါတယ်။ အင် ဖတ်လို့ ပြောပါတယ်။ မဖတ်ဘူးလား။ မဖတ်ရင် လည်း လှန်သွားပေါ့ဗျာ။
ရိုက်ပေါက်ပဲ။ ရိုက်စားပဲ။ ဆရာများသားသေ။ ကဗျာဆရာများ ဖားသေ။ ခက်။ ခပ်ထုတ်ပလိုက်။
ဇွန်းကြီးကြီးနဲ့ ဇွတ်ခပ်ပါ။ အလွမ်းများများပါပါစေ။ ရန်ခုန်ရတာ အရူးတပိုင်းပဲ။ အမူးအရိုင်းပဲ။
အပြိုင်းပြိုင်းထလို့ သစ်ပင်များများပေါက်ပြီး သစ်တောစိမ်းပါစ အို ကဗျာလောက။
စပ်ကူးမယ် မတ်ကူးမယ်။ မိတ္တူကူးကြမယ်ကွဲ့ ။ နောက်ထွက်မယ့် တောင်ပို့ လဲ ဖွတ်တက်ဦးမှာပဲလား။
ကဗျာသူကဗျာသားများ စီးကြကွဲ့ (ကား) လုံးကြမယ့်(စကား)။ တော်လဲရောထိုင်ချော်လဲဗြောကိုင်။
အလန်းဇယားပဲ။ ကဲကဲ ဂလိုဘယ်လေးကျအောင် အိုပါးဂမ်းန စတိုင် နဲ့ သိမ်းမယ်။ မှတ်။
အမွန်မွန်း
၂၀၁၂၊၁၁၊၁၄
No comments:
Post a Comment