လိုအပ်နေသေးရင်

Thursday, January 10, 2013

ငုရင်ဗန်ထရွိုင်း


ငါ့မျက်လုံးတွေကို အ၀တ်နက်နဲ့စည်းထားလည်း
ငါ့တိုင်းပြည် ငါအလွတ်ရတယ်။

ဒါပေမယ့် ဒီအချိန်မှာတော့
ငါ့အမိမြေကို ငါနောက်ဆုံးကြည့်သွားချင်တယ်။
ဒါကြောင့်
ငါ့မျက်လုံးတွေကို အ၀တ်နက်မစည်းပါနဲ့။

ကျူးကျော်သူတွေကို သတ်ဖြတ်ဖို့ကြံစည်တဲ့ ငါ့တရား
မမှားဘူး။
ငါ့မှာနောင်တမရှိ
ရော့ဒီမှာ ငါ့ရင်ဘတ် ခုချိန်ထိငါ့တိုင်းပြည်ရဲ့ခံတပ် ပစ်ကြစမ်း။

ကျည်ဆံတွေငါ့ဆီလာနေတယ်
သမ္မတကြီး ဟိုချီမင်း သက်တော်ရှည်ပါစေ။

ကျည်ဆံတွေငါ့ဆီလာနေတယ် 
ဗီယက်နမ် အဓွန့်ရှည်ပါစေ။

ကျည်ဆံတွေ ကျီးကန်းတွေလို 
ငါ့ဆီကတစ်ဆင့် ငါ့ပြည်သူတွေဆီဆက်လက်ပျံသန်းသွားပါက
ငရဲသို့ထိုးဆိုက် ပျက်ကျပါစေသား။ ။

ခရမ်းပြာထက်လူ
၂   ၀   ၁   ၂

No comments:

Post a Comment