လိုအပ်နေသေးရင်

Thursday, January 10, 2013

လက်လုပ်လက်စား (၂) ◄စိုးနောင်(မုံရွာ)►

လေးဘီးလုံး ယက်တဲ့ ကားကို
ဖိုးဝှီးလို့ ခေါ်တယ်
လေးချောင်းလုံး သုံးတဲ့ လူကို
လက်လုပ်လက်စားလို့ ခေါ်တယ်
ဆိုးဝါးတဲ့ တောင်တက်တောင်ဆင်းလမ်းတွေမှာ
ဖိုးဝှီးတွေကို အတွေ့ရများတယ်
ဆိုးဝါးတဲ့ ဘဝတက်ဘဝဆင်းလမ်းတွေမှာ
လက်လုပ်လက်စားတွေကို အတွေ့ရများတယ်
ဖိုးဝှီးတစ်စီးရဲ့ ခေါင်းခန်းထဲမှာ ထိုင်နေတာက
ဝဝဖိုင့်ဖိုင့် လူတစ်ယောက်
လက်လုပ်လက်စားတစ်ယောက်ရဲ့ ခေါင်းခန်းထဲမှာ ထိုင်နေတာက
ပိန်ပိန်ပါးပါး မျှော်လင့်ချက်တစ်ခု။

စိုးနောင်(မုံရွာ)

No comments:

Post a Comment