ကောမြေ
ကျတ်တီးကုန်း
ဖုန်းဆိုးတော
မိစ္ဆာကျွန်းနဲ့ ကန္တာရ
လောကပါလရဲ့ အမှောင်ဘက်ခြမ်းက
အော်သံကြီးတစ်သံကြားရတယ်
အဲဒီအော်သံက
မိုဃ်းဇော် အလိုမရှိ။
ဒီကောင့်အိမ်က ကင်းတဲသာသာပါ
ဂျပန်ချွေးတပ်စခန်းကအတိုင်းပဲ
အဲဒီအိမ်ထဲမှာ သူနေထိုင်နေပုံက
ဝင်ဆာရဲတိုက်ကြီးထဲက မင်းညီမင်းသားတွေ အတိုင်း
သက်သောင့်သက်သာ ဖြစ်နေလိုက်ပုံက
မိုဃ်းဇော် အလိုမရှိ။
ဒီကောင့်အတင်းကို ပြောရမယ်
ဒါမှငါတို့ နေကောင်းထိုင်သာမှာ
နို့မို့ဆို နှလုံးက မကောင်းဘူး
အဆုတ်က မောချင်တယ်
ခေါင်းလည်း မူးတယ်။
ဗိုက်အောင့်တယ်၊ ဆီးကျန်တယ်၊ ၀မ်းချုပ်တယ်၊
လေဖြတ်မှာ ကြောက်ရတယ်။
ဒီကောင်ကများ
စပါတန်တွေကို လေးစားသတဲ့
ဒေါက်တာအာနက်စတို ဂွေဗားရားဟာ
လူ့ကမ္ဘာကြီးရဲ့ စံပြလူသားဖြစ်သတဲ့
မုန်တိုင်းမိ တံငါသည်တွေနဲ့
မိုးခေါင်ရေရှား တောသူတောင်သားတွေရဲ့ ဘ၀အတွက်
သူ့ဘ၀ကို အသုံးချချင်သတဲ့
ဒီကောင် ဘာကောင်လဲ
မိုဃ်းဇော် အလိုမရှိ။
ဒီကောင့် ကဗျာတွေက
ခြေကုန်လက်ပန်းကျနေပါပြီကွာ
လိုင်းလေးတစ်လိုင်း၊ အက္ခရာလေးတစ်လုံး
အသံလေးတစ်သံတောင် မနုပျို၊ မလတ်ဆတ်တော့ဘူး
ကျွန်တော်တို့ကမှ မောင်မယ်သစ်လွင်ခင်ဗျ
မုန့်ဖိုထဲက ထွက်ခါစ ဘီစကစ်လို
ကြွပ်ရွနေတာပဲ
မြည်းကြည့်ပါလား... ရော့...
မိုဃ်းဇော်အလိုမရှိ။
အိုက်စပ်ပူလောင်မွန်းကျပ်
အများသုံး ဘတ်စ်ကားကြီးနဲ့
ပဲခူးမြစ်ကို နေ့တိုင်းကျော်ဖြတ်နေရတာ
ဒါနဲ့တောင် သူ့ပုံစံက
သိမ်းမြစ်ဘေးမှာ လေညင်းခံနေတဲ့အတိုင်း
အေးဆေးနေလိုက်တာ
ဒီကောင် ဘယ်လိုကောင်လဲ
မိုဃ်းဇော် အလိုမရှိ။
ဒီကောင့်မှာ
ပုံမှန်ဝင်ငွေလည်း မရှိ
လစဉ်ဝင်ငွေလည်း မရှိ
နေ့စဉ်ဝင်ငွေလည်း မရှိ
ဒါနဲ့တောင် မိန်းမယူလိုက်သေး
သားနှစ်ယောက်တောင် မွေးထားလိုက်သေး
ဒါနဲ့တောင် ဒီကောင်လူပါးဝလိုက်ပုံက
ဂြိုဟ်နက္ခတ်တာရာတွေကို
ဘိလိယက် ဘောလုံးလေးတွေလို သဘောထား
အနုပညာကျူတံနဲ့
စကြ၀ဠာကြီးထဲ အန္တိမဆိုက်အောင် ထိုးကစားချင်သတဲ့
ဒီကောင် ဘယ်ကကောင်လဲ
မိုဃ်းဇော် အလိုမရှိ။
မာယာကော့ဖ်စကီးဆိုတာ
တူတံစဉ်အလံအောက်မှာ ကျန်ခဲ့ပါပြီ
ဆိုဗီယက်ပြည်ထောင်စုကြီးတောင်ပြိုကွဲသွားပြီပဲ
ပြည်သူဆိုတာ မမမြင့်ပဲ
(တကယ်တော့ မမမြင့်က ပုသိမ်သူ)
ပြည်သားဆိုတာ မောင်ချောနွယ်ပေါ့
(တကယ်တော့ မောင်ချောနွယ်က ရန်ကုန်သား)
လူထုဆိုတာ မန္တလေးမှာဗျ
ဆရာကြီးမှိုင်းကိုလည်း
ဘုရားတစ်ဆူလို
ဒီကောင်က ကြည်ညိုသတဲ့ဗျာ
ခေတ်မရှိတော့ပါဘူးဗျာ
ခေတ်မရှိတော့ဘူး
မိုဃ်းဇော်ဆိုတာ
BEDC ခေတ်မှာ မွေးဖွားလာတဲ့ကောင်ပဲ။
အခုက တိုက်ပုံပေါ် စီးကွင့်ထိုးတဲ့ခေတ်ဗျ
ကျွန်တော့်တင်ပါးလေးကို ပုတ်ကြည့်ပါလား
မိုဃ်းဇော် အလိုမရှိ။
အနော်ရထာလမ်း
ပန်းဆိုးတန်း စာအုပ်အဟောင်းတန်း
ဗိုလ်ချုပ်လမ်း၊ တာမွေ၊ ကန်တော်လေး
ကားကား ကားကား
မြောက်ကြွ မြောက်ကြွ
ပြီးရင်
၃၄ လမ်းထိပ်က
အရှည်ကြီးလက်ဖက်ရည်ဆိုင်မှာ ဒီကောင်ထိုင်မယ်
ဟင်းလင်းပြင်ကြိုက်လို့တဲ့
မြောင်းနှုတ်ခမ်းပေါ်မှာ မြေကြွက်တွေ တရုန်းရုန်း
ပတ်ဝန်းကျင်မှာ ၀ုန်းဝုန်း ဒိုင်းဒိုင်း
သူ့ကြည့်တော့ ဘာမှမဖြစ်သလို
ဒီလောက်ဒေါက်မကျိုးတဲ့ကောင်
ဆုတွေရသေးတယ်တဲ့ဗျာ... အံရော
ဘယ်လိုစံနဲ့တိုင်းတာလဲ
ဘယ်ပေတံနဲ့ပေးတာလဲ
မိုဃ်းဇော် အလိုမရှိ။
ဟော...
ဟော...
ဒီကောင် လာနေပြီ
ဒီကောင် ဖြတ်နေပြီ
ဒီကောင် ကူးနေပြီ
မျက်နှာလွှဲထားကြ
မျက်နှာတည်ထားကြ
မျက်နှာတင်းထားကြ
ဒါနဲ့တောင် ဒီကောင်က
ဂျွန်ကိစ်ရဲ့ တောက်ပတဲ့ကြယ်အကြောင်း
လမ်းတစ်လျောက်လုံး စဉ်စားလာသတဲ့
မိုဃ်းဇော် အလိုမရှိ။
ဒီကောင့်ပြဿနာကို
ငါတို့ဝီစကီနဲ့ မြည်းကြမယ်
မြေကြီးနဲ့ သစ္စာနှံထားတဲ့ကောင်
မြေကြီးထဲ သွားပါစေဗျာ
အရိုးမြန်မြန်ကျပါစေဗျာ
ကောင်းကင်ဘုံနဲ့ လွဲပါစေဗျာ
ငါတို့ချီးယားစ်လုပ်ရအောင်
မိုဃ်းဇော် အလိုမရှိ။
ဒီကောင်ကများ
ရှေ့တစ်မျိုး
ကွယ်ရာတစ်မျိုးကောင်တွေနဲ့
မသိကျွမ်းချင်ဘူးတဲ့။
ဒီကောင်ကများ
လိုတစ်မျိုး မလိုတစ်မျိုးကောင်တွေနဲ့
မပတ်သက်ချင်ဘူးတဲ့။
ဒီကောင်ကများ
အသုံးလိုရင် မယားငယ်လို မျက်နှာချိုသွေးပြီး
အသုံးမလိုရင် မြီရှင်လိုမောက်မာတတ်တဲ့
ဘစထက် ဆိုးတဲ့ကောင်တွေနဲ့
မရောယှက်ချင်ဘူးတဲ့။
စမ်းပေါက်လေးထဲက ရေကိုငင်
သဘာဝတရားကို ဆင်ခြင်ပြီး
နေရောင်ခြည်အောက်မှာ အပန်းဖြေချင်သတဲ့။
ရှေးမာ့စ်ဟေနီရဲ့
အတွင်းသဘောကို
ဒီကောင်က စောကြောမိသတဲ့။
ပုဂ္ဂိုလ်ရေးကိစ္စတွေ ခေါင်းထဲမထည့်တာ
သူ့ လူနေမှုစတိုင်လ်တဲ့။
နယ်စိမ်းပယ်စိမ်း ဒေသစိမ်းက
လူစိမ်းသူစိမ်း မျက်လုံးစိမ်းတွေရဲ့ကြားမှာ
လေချွန်ပြီး လမ်းလျှောက်ရတာ
အရသာရှိသတဲ့။
တဲစုတ်တဲပုတ်တွေရဲ့ကြားမှာ
တိုက်ကြီးတစ်လုံးနဲ့ နေထိုင်ရမှာ ရှက်သတဲ့။
ချို့ချို့ငဲ့ငဲ့တွေရဲ့အလယ်
ရွှေလက်ကောက်သံတချွင်ချွင်နဲ့
ပလွှားနေတဲ့ မိန်းမကြီးတွေကိုမြင်ရင်
သုံးပြီးသား “အီဗာ” ကိုမြင်သလို
သူ့ရင်ထဲ အော်ဂလီဆန်လာသတဲ့။
ဒီကောင်ကများ
ပိုင်ရှင်သဘောမတူဘဲ
အပ်တိုလေးတစ်ချောင်းတောင်
အလွဲသုံးစား မလုပ်ခဲ့ဖူးဘူးတဲ့။
ဒီကောင်ကများ
ကြီးကြီးကျယ်ကျယ်
ကလေးတွေရဲ့ အနာဂတ်အတွက်
သင်ခန်းစာအသစ်တွေ ချမှတ်ပေးချင်သတဲ့။
ဒီကောင်ကများ
ဂျနီဖာလိုပက်ဇ်နဲ့ ညားရမယ်ဆိုရင်
ဂျနီဖာလိုပက်ဇ်ရဲ့ လင်မလုပ်ချင်ဘူးတဲ့
ဘာပြုလို့လဲဆိုတော့
ဂျနီဖာလိုပက်ဇ်ဆိုတာ
မီဂါပါဝါအင်အားကြီးနိုင်ငံက
အတွင်းခံဘောင်းဘီပေါ်မှာတောင်
စိန်စီထားတဲ့
ဓါတ်ကြီးလေးပါးဖြစ်နေလို့တဲ့။
မင်းက မင်းစိတ်နဲ့ နှိုင်းပြီး
ကဗျာနဲ့ချ
ငါက ငါ့စိတ်နဲ့ နှိုင်းပြီး
ဆောင်းပါးနဲ့ ဖဲ့မယ်
ငါးစိမ်းသည်နဲ့ စပယ်ယာ
သားစပ်ထားတဲ့ လိပ်ပြာနဲ့
ငါတို့ ပူးပေါင်းကြရအောင်
မိုဃ်းဇော် အလိုမရှိ။
အလကားငမွဲပါဗျာ
သံတိုသံစရောင်းတဲ့ကောင်တောင်
လင်ခရူဇာနဲ့ နေနိုင်သေးတယ်
ဒီကောင်က
လိုင်းကားခတောင် အနိုင်နိုင်
တွက်ချက်ရုန်းကန်နေရတာ
ဒါနဲ့တောင်
ဒီကောင် ဘဲဥကြော်နဲ့ ထမင်းစားနေပုံက
ရစ်ဇ်ကာတန် ဟိုတယ်ပေါ်က
မြို့စားကြီးရဲ့ စားပွဲထိုးတွေတောင်
လက်ဖျားခါလောက်အောင် ဣနြေ္ဒရ
ယဉ်ကျေးသိမ်မွေ့လှပါပေရဲ့
မိုဃ်းဇော် အလိုမရှိ။
ငုယင်ဗန်ထရွိုင်းညနေကို မီးရှို့ပစ်
ရန်ကုန်ညကို မီးရှို့ပစ်
နေကြာပန်းများကို မီးရှို့ပစ်
မိုဃ်းဇော် သေတမ်းစာကို မီးရှို့ပစ်
ဗီရာကို မီးရှို့ပစ်
အမေ့လင်းယုန်ကို မီးရှို့ပစ်
သားချော့တေးကို မီးရှို့ပစ်
ဗိုက်ပူကို မီးရှို့ပစ်
မျှော်လင့်ချက်ကို မီးရှို့ပစ်
စိန်ခြယ်ပန်းများဖြင့်ကို မီးရှို့ပစ်။
ဒီကောင်က
သန်လျင်ဇနပုဒ်မှာနေပြီး
ကမ္ဘာကြီးကို သူ့လျှာဖျားက မချဘူး
မနက်ဆို
ရေဒီယိုတစ်လုံးနဲ့ သတင်းနားထောင်ပြီ
ဟေတီငလျင်တွေဘာတွေ စိတ်ဝင်စားပြီ
အာဖဂန်နစ္စတန်တွေ ဘာတွေ ဖတ်ပြီ
အိုဘားမားတွေဘာတွေ သိချင်ပြီ
စီစီဒေးလူးဝစ်တွေ ဘာတွေ လှန်ပြီ
လင်းကင်းပတ်ခ်တွေ ဘာတွေ ဖွင့်ပြီ
မိန်းမမှာ
ကြယ်ရောင် ထဘီအပေါက်နဲ့
ဒီကောင့်မှာ
နေရောင်ဘောင်းဘီအပြဲနဲ့
ကလေးတွေမှာ
လရောင်အနွေးထည်အစုတ်နဲ့
တိုယိုတာဆောင်းကို ခုခံထားရတာ
ဒါနဲ့တောင် ဒီကောင်က
ဓားတောင်ကိုကျော်ပြီး
နော်ဒစ်တွေ ဗိုက်ကင်းတွေနဲ့
စကင်ဒီနေးဗီးယန်းကောင်းကင်ယံအထိ
စိတ်ကူးဥာဏ်တွေ ကွန့်မြူးချင်သေးသတဲ့
ဒီကောင် ဘယ်လိုကောင်လဲ
မိုဃ်းဇော် အလိုမရှိ။
နောက်ဆုံးတော့ မိုဃ်းဇော်ဟာ
ေ ၾ က း စ ာ း က ဗ ် ာ စ ာ အ ု ပ ္ အ ဖ ုံ း ေ ပ ၚ က
ခုန္ထြက္လာၿပီး
မိုဃ်းဇော် အလိုမရှိ
မိုဃ်းဇော် အလိုမရှိ
မိုဃ်းဇော် အလိုမရှိ လို့
မိုဃ်းဇော်ကပါ အော်ဟစ်ကြွေးကြော်ကာ
မိုဃ်းဇော်ရဲ့ ဓာတ်ပုံထဲ
မိုဃ်းဇော် ခုန်ဝင်ပျောက်ကွယ်သွားပေါ့။
မိုဃ်းဇော်
ဖုန်းဆိုးတော
မိစ္ဆာကျွန်းနဲ့ ကန္တာရ
လောကပါလရဲ့ အမှောင်ဘက်ခြမ်းက
အော်သံကြီးတစ်သံကြားရတယ်
အဲဒီအော်သံက
မိုဃ်းဇော် အလိုမရှိ။
ဒီကောင့်အိမ်က ကင်းတဲသာသာပါ
ဂျပန်ချွေးတပ်စခန်းကအတိုင်းပဲ
အဲဒီအိမ်ထဲမှာ သူနေထိုင်နေပုံက
ဝင်ဆာရဲတိုက်ကြီးထဲက မင်းညီမင်းသားတွေ အတိုင်း
သက်သောင့်သက်သာ ဖြစ်နေလိုက်ပုံက
မိုဃ်းဇော် အလိုမရှိ။
ဒီကောင့်အတင်းကို ပြောရမယ်
ဒါမှငါတို့ နေကောင်းထိုင်သာမှာ
နို့မို့ဆို နှလုံးက မကောင်းဘူး
အဆုတ်က မောချင်တယ်
ခေါင်းလည်း မူးတယ်။
ဗိုက်အောင့်တယ်၊ ဆီးကျန်တယ်၊ ၀မ်းချုပ်တယ်၊
လေဖြတ်မှာ ကြောက်ရတယ်။
ဒီကောင်ကများ
စပါတန်တွေကို လေးစားသတဲ့
ဒေါက်တာအာနက်စတို ဂွေဗားရားဟာ
လူ့ကမ္ဘာကြီးရဲ့ စံပြလူသားဖြစ်သတဲ့
မုန်တိုင်းမိ တံငါသည်တွေနဲ့
မိုးခေါင်ရေရှား တောသူတောင်သားတွေရဲ့ ဘ၀အတွက်
သူ့ဘ၀ကို အသုံးချချင်သတဲ့
ဒီကောင် ဘာကောင်လဲ
မိုဃ်းဇော် အလိုမရှိ။
ဒီကောင့် ကဗျာတွေက
ခြေကုန်လက်ပန်းကျနေပါပြီကွာ
လိုင်းလေးတစ်လိုင်း၊ အက္ခရာလေးတစ်လုံး
အသံလေးတစ်သံတောင် မနုပျို၊ မလတ်ဆတ်တော့ဘူး
ကျွန်တော်တို့ကမှ မောင်မယ်သစ်လွင်ခင်ဗျ
မုန့်ဖိုထဲက ထွက်ခါစ ဘီစကစ်လို
ကြွပ်ရွနေတာပဲ
မြည်းကြည့်ပါလား... ရော့...
မိုဃ်းဇော်အလိုမရှိ။
အိုက်စပ်ပူလောင်မွန်းကျပ်
အများသုံး ဘတ်စ်ကားကြီးနဲ့
ပဲခူးမြစ်ကို နေ့တိုင်းကျော်ဖြတ်နေရတာ
ဒါနဲ့တောင် သူ့ပုံစံက
သိမ်းမြစ်ဘေးမှာ လေညင်းခံနေတဲ့အတိုင်း
အေးဆေးနေလိုက်တာ
ဒီကောင် ဘယ်လိုကောင်လဲ
မိုဃ်းဇော် အလိုမရှိ။
ဒီကောင့်မှာ
ပုံမှန်ဝင်ငွေလည်း မရှိ
လစဉ်ဝင်ငွေလည်း မရှိ
နေ့စဉ်ဝင်ငွေလည်း မရှိ
ဒါနဲ့တောင် မိန်းမယူလိုက်သေး
သားနှစ်ယောက်တောင် မွေးထားလိုက်သေး
ဒါနဲ့တောင် ဒီကောင်လူပါးဝလိုက်ပုံက
ဂြိုဟ်နက္ခတ်တာရာတွေကို
ဘိလိယက် ဘောလုံးလေးတွေလို သဘောထား
အနုပညာကျူတံနဲ့
စကြ၀ဠာကြီးထဲ အန္တိမဆိုက်အောင် ထိုးကစားချင်သတဲ့
ဒီကောင် ဘယ်ကကောင်လဲ
မိုဃ်းဇော် အလိုမရှိ။
မာယာကော့ဖ်စကီးဆိုတာ
တူတံစဉ်အလံအောက်မှာ ကျန်ခဲ့ပါပြီ
ဆိုဗီယက်ပြည်ထောင်စုကြီးတောင်ပြိုကွဲသွားပြီပဲ
ပြည်သူဆိုတာ မမမြင့်ပဲ
(တကယ်တော့ မမမြင့်က ပုသိမ်သူ)
ပြည်သားဆိုတာ မောင်ချောနွယ်ပေါ့
(တကယ်တော့ မောင်ချောနွယ်က ရန်ကုန်သား)
လူထုဆိုတာ မန္တလေးမှာဗျ
ဆရာကြီးမှိုင်းကိုလည်း
ဘုရားတစ်ဆူလို
ဒီကောင်က ကြည်ညိုသတဲ့ဗျာ
ခေတ်မရှိတော့ပါဘူးဗျာ
ခေတ်မရှိတော့ဘူး
မိုဃ်းဇော်ဆိုတာ
BEDC ခေတ်မှာ မွေးဖွားလာတဲ့ကောင်ပဲ။
အခုက တိုက်ပုံပေါ် စီးကွင့်ထိုးတဲ့ခေတ်ဗျ
ကျွန်တော့်တင်ပါးလေးကို ပုတ်ကြည့်ပါလား
မိုဃ်းဇော် အလိုမရှိ။
အနော်ရထာလမ်း
ပန်းဆိုးတန်း စာအုပ်အဟောင်းတန်း
ဗိုလ်ချုပ်လမ်း၊ တာမွေ၊ ကန်တော်လေး
ကားကား ကားကား
မြောက်ကြွ မြောက်ကြွ
ပြီးရင်
၃၄ လမ်းထိပ်က
အရှည်ကြီးလက်ဖက်ရည်ဆိုင်မှာ ဒီကောင်ထိုင်မယ်
ဟင်းလင်းပြင်ကြိုက်လို့တဲ့
မြောင်းနှုတ်ခမ်းပေါ်မှာ မြေကြွက်တွေ တရုန်းရုန်း
ပတ်ဝန်းကျင်မှာ ၀ုန်းဝုန်း ဒိုင်းဒိုင်း
သူ့ကြည့်တော့ ဘာမှမဖြစ်သလို
ဒီလောက်ဒေါက်မကျိုးတဲ့ကောင်
ဆုတွေရသေးတယ်တဲ့ဗျာ... အံရော
ဘယ်လိုစံနဲ့တိုင်းတာလဲ
ဘယ်ပေတံနဲ့ပေးတာလဲ
မိုဃ်းဇော် အလိုမရှိ။
ဟော...
ဟော...
ဒီကောင် လာနေပြီ
ဒီကောင် ဖြတ်နေပြီ
ဒီကောင် ကူးနေပြီ
မျက်နှာလွှဲထားကြ
မျက်နှာတည်ထားကြ
မျက်နှာတင်းထားကြ
ဒါနဲ့တောင် ဒီကောင်က
ဂျွန်ကိစ်ရဲ့ တောက်ပတဲ့ကြယ်အကြောင်း
လမ်းတစ်လျောက်လုံး စဉ်စားလာသတဲ့
မိုဃ်းဇော် အလိုမရှိ။
ဒီကောင့်ပြဿနာကို
ငါတို့ဝီစကီနဲ့ မြည်းကြမယ်
မြေကြီးနဲ့ သစ္စာနှံထားတဲ့ကောင်
မြေကြီးထဲ သွားပါစေဗျာ
အရိုးမြန်မြန်ကျပါစေဗျာ
ကောင်းကင်ဘုံနဲ့ လွဲပါစေဗျာ
ငါတို့ချီးယားစ်လုပ်ရအောင်
မိုဃ်းဇော် အလိုမရှိ။
ဒီကောင်ကများ
ရှေ့တစ်မျိုး
ကွယ်ရာတစ်မျိုးကောင်တွေနဲ့
မသိကျွမ်းချင်ဘူးတဲ့။
ဒီကောင်ကများ
လိုတစ်မျိုး မလိုတစ်မျိုးကောင်တွေနဲ့
မပတ်သက်ချင်ဘူးတဲ့။
ဒီကောင်ကများ
အသုံးလိုရင် မယားငယ်လို မျက်နှာချိုသွေးပြီး
အသုံးမလိုရင် မြီရှင်လိုမောက်မာတတ်တဲ့
ဘစထက် ဆိုးတဲ့ကောင်တွေနဲ့
မရောယှက်ချင်ဘူးတဲ့။
စမ်းပေါက်လေးထဲက ရေကိုငင်
သဘာဝတရားကို ဆင်ခြင်ပြီး
နေရောင်ခြည်အောက်မှာ အပန်းဖြေချင်သတဲ့။
ရှေးမာ့စ်ဟေနီရဲ့
အတွင်းသဘောကို
ဒီကောင်က စောကြောမိသတဲ့။
ပုဂ္ဂိုလ်ရေးကိစ္စတွေ ခေါင်းထဲမထည့်တာ
သူ့ လူနေမှုစတိုင်လ်တဲ့။
နယ်စိမ်းပယ်စိမ်း ဒေသစိမ်းက
လူစိမ်းသူစိမ်း မျက်လုံးစိမ်းတွေရဲ့ကြားမှာ
လေချွန်ပြီး လမ်းလျှောက်ရတာ
အရသာရှိသတဲ့။
တဲစုတ်တဲပုတ်တွေရဲ့ကြားမှာ
တိုက်ကြီးတစ်လုံးနဲ့ နေထိုင်ရမှာ ရှက်သတဲ့။
ချို့ချို့ငဲ့ငဲ့တွေရဲ့အလယ်
ရွှေလက်ကောက်သံတချွင်ချွင်နဲ့
ပလွှားနေတဲ့ မိန်းမကြီးတွေကိုမြင်ရင်
သုံးပြီးသား “အီဗာ” ကိုမြင်သလို
သူ့ရင်ထဲ အော်ဂလီဆန်လာသတဲ့။
ဒီကောင်ကများ
ပိုင်ရှင်သဘောမတူဘဲ
အပ်တိုလေးတစ်ချောင်းတောင်
အလွဲသုံးစား မလုပ်ခဲ့ဖူးဘူးတဲ့။
ဒီကောင်ကများ
ကြီးကြီးကျယ်ကျယ်
ကလေးတွေရဲ့ အနာဂတ်အတွက်
သင်ခန်းစာအသစ်တွေ ချမှတ်ပေးချင်သတဲ့။
ဒီကောင်ကများ
ဂျနီဖာလိုပက်ဇ်နဲ့ ညားရမယ်ဆိုရင်
ဂျနီဖာလိုပက်ဇ်ရဲ့ လင်မလုပ်ချင်ဘူးတဲ့
ဘာပြုလို့လဲဆိုတော့
ဂျနီဖာလိုပက်ဇ်ဆိုတာ
မီဂါပါဝါအင်အားကြီးနိုင်ငံက
အတွင်းခံဘောင်းဘီပေါ်မှာတောင်
စိန်စီထားတဲ့
ဓါတ်ကြီးလေးပါးဖြစ်နေလို့တဲ့။
မင်းက မင်းစိတ်နဲ့ နှိုင်းပြီး
ကဗျာနဲ့ချ
ငါက ငါ့စိတ်နဲ့ နှိုင်းပြီး
ဆောင်းပါးနဲ့ ဖဲ့မယ်
ငါးစိမ်းသည်နဲ့ စပယ်ယာ
သားစပ်ထားတဲ့ လိပ်ပြာနဲ့
ငါတို့ ပူးပေါင်းကြရအောင်
မိုဃ်းဇော် အလိုမရှိ။
အလကားငမွဲပါဗျာ
သံတိုသံစရောင်းတဲ့ကောင်တောင်
လင်ခရူဇာနဲ့ နေနိုင်သေးတယ်
ဒီကောင်က
လိုင်းကားခတောင် အနိုင်နိုင်
တွက်ချက်ရုန်းကန်နေရတာ
ဒါနဲ့တောင်
ဒီကောင် ဘဲဥကြော်နဲ့ ထမင်းစားနေပုံက
ရစ်ဇ်ကာတန် ဟိုတယ်ပေါ်က
မြို့စားကြီးရဲ့ စားပွဲထိုးတွေတောင်
လက်ဖျားခါလောက်အောင် ဣနြေ္ဒရ
ယဉ်ကျေးသိမ်မွေ့လှပါပေရဲ့
မိုဃ်းဇော် အလိုမရှိ။
ငုယင်ဗန်ထရွိုင်းညနေကို မီးရှို့ပစ်
ရန်ကုန်ညကို မီးရှို့ပစ်
နေကြာပန်းများကို မီးရှို့ပစ်
မိုဃ်းဇော် သေတမ်းစာကို မီးရှို့ပစ်
ဗီရာကို မီးရှို့ပစ်
အမေ့လင်းယုန်ကို မီးရှို့ပစ်
သားချော့တေးကို မီးရှို့ပစ်
ဗိုက်ပူကို မီးရှို့ပစ်
မျှော်လင့်ချက်ကို မီးရှို့ပစ်
စိန်ခြယ်ပန်းများဖြင့်ကို မီးရှို့ပစ်။
ဒီကောင်က
သန်လျင်ဇနပုဒ်မှာနေပြီး
ကမ္ဘာကြီးကို သူ့လျှာဖျားက မချဘူး
မနက်ဆို
ရေဒီယိုတစ်လုံးနဲ့ သတင်းနားထောင်ပြီ
ဟေတီငလျင်တွေဘာတွေ စိတ်ဝင်စားပြီ
အာဖဂန်နစ္စတန်တွေ ဘာတွေ ဖတ်ပြီ
အိုဘားမားတွေဘာတွေ သိချင်ပြီ
စီစီဒေးလူးဝစ်တွေ ဘာတွေ လှန်ပြီ
လင်းကင်းပတ်ခ်တွေ ဘာတွေ ဖွင့်ပြီ
မိန်းမမှာ
ကြယ်ရောင် ထဘီအပေါက်နဲ့
ဒီကောင့်မှာ
နေရောင်ဘောင်းဘီအပြဲနဲ့
ကလေးတွေမှာ
လရောင်အနွေးထည်အစုတ်နဲ့
တိုယိုတာဆောင်းကို ခုခံထားရတာ
ဒါနဲ့တောင် ဒီကောင်က
ဓားတောင်ကိုကျော်ပြီး
နော်ဒစ်တွေ ဗိုက်ကင်းတွေနဲ့
စကင်ဒီနေးဗီးယန်းကောင်းကင်ယံအထိ
စိတ်ကူးဥာဏ်တွေ ကွန့်မြူးချင်သေးသတဲ့
ဒီကောင် ဘယ်လိုကောင်လဲ
မိုဃ်းဇော် အလိုမရှိ။
နောက်ဆုံးတော့ မိုဃ်းဇော်ဟာ
ေ ၾ က း စ ာ း က ဗ ် ာ စ ာ အ ု ပ ္ အ ဖ ုံ း ေ ပ ၚ က
ခုန္ထြက္လာၿပီး
မိုဃ်းဇော် အလိုမရှိ
မိုဃ်းဇော် အလိုမရှိ
မိုဃ်းဇော် အလိုမရှိ လို့
မိုဃ်းဇော်ကပါ အော်ဟစ်ကြွေးကြော်ကာ
မိုဃ်းဇော်ရဲ့ ဓာတ်ပုံထဲ
မိုဃ်းဇော် ခုန်ဝင်ပျောက်ကွယ်သွားပေါ့။
မိုဃ်းဇော်
No comments:
Post a Comment