ကုတင်နှစ်လုံးပါ နှစ်ယောက်အိပ်ခန်းထဲ
ကုတင်နှစ်လုံးဟာ အတူတကွ
ကုတင်တစ်လုံးပေါ်မှာ စားကြွင်းစားကျန်များ
ကုတင်တစ်လုံးပေါ်မှာ အာဟာရများ...။
ကုတင်တစ်လုံးဟာ ကြေမွတွန့်ခေါက်ချိန်
ကုတင်တစ်လုံးဟာ ပြန့်ပြူးညီညာ...။
အဲယားကွန်းက ရေတစ်စက်စက်ကျတာ
ရေသန့်ဘူးအပေါက်နဲ့တည့်အောင် မနည်းခံထားရ။
အဓိပ္ပါယ်မရှိတာတွေလာနေတဲ့ တီဗွီ
ရီမု ..ဘယ်ရောက်သွားလဲ...။
ကုတင်တစ်လုံးက ပြန့်သန့်ဖွေးဖြူ
ကုတင်တစ်လုံးက ညိုညစ်စွန်းကွက်...။
ကုတင်တစ်လုံးဟာ ပင့်သက်တရှိုက်ရှိုက်
ကုတင်တစ်လုံးဟာ သက်ပြင်းတချချ....။
ညီမလေး.....
မင်းဆံပင်တွေ ကျန်ခဲ့တယ်....။
ဟိန်း
(27.3.2012)
No comments:
Post a Comment