လိုအပ်နေသေးရင်

Thursday, January 10, 2013

ကျွန်တော့်သူငယ်ချင်းရဲ့အမေ အသက် ၇၀ ကျော်အဘွားကြီးကပြောတယ် ငါ့ကို ဘာမှပြန်မလုပ်ရင် သင်းတို့ကို ပါးကြီးပဲရိုက်ချင်တယ်တဲ့



တစ်ထောင်ပေးပြီး ပါးရိုက်လို့ရရင် ငါ့မှာ တစ်သောင်းဖိုးရှိသလို
သူ့မှာလည်း အနည်းဆုံး တစ်သိန်းဖိုးလောက်ရှိတယ်တဲ့။
တင်းနစ်ရိုက်သလို ဘောလီဘောခုတ်သလို နံပြားများရိုက်သလို
လာထားလူကလေး လာထား တဲ့ ။

ငါတော့မယုံဘူး
လ,ထဲမှာ ယုန်အစစ်ဆိုတာ။
ငါတော့ယုံတယ်
လ,ထဲမှာ အဖိုးအိုကြောက်ဒူးတုန်နေတာ။

ခင်ဗျား ပေါ်ပြူလာခင်းပြီးအိပ်မက်,မက်မနေနဲ့
ခင်ဗျား ရာသီစာ,စားပြီးဟိုပစ်ဒီပစ်လုပ်မနေနဲ့
ခင်ဗျားအခေါင်း ခင်ဗျားဖွင့်ပြပြီး ပြစား,စားမနေနဲ့


ပြောမဲ့သာပြောရ
အချိန်တန်တော့လည်း ပင်လယ်ဟာ အမှိုက်တွေကို ကမ်းပေါ်ပစ်တင်လိုက်တာပဲ။

သူများပါးစပ်ပေါက်ထဲ စီးရဆင်းရမှကျေနပ်ကြသူတို့
မိုးဦးကျမျှစ်စို့တွေလို ၀က်တွေရဲ့ဝမ်းဗိုက်ထဲ ၀င်သွားကြသူတို့
ခိုသား,ငတေသား,ချိုးသားအပြိုင်အစားခံခဲ့ရတဲ့ ကျားကွက်ကြီးထဲပျော်မြူးနေသူတို့။

ပွန်းတွေ,ဘိရှော့တွေ,ဘုရင်တွေ,ဘုရင်မတွေအကုန်ရအောင်စားမဲ့
စစ်တုရင်ကွက်တွေထဲ
လိင်တူချင်းဆက်ဆံဖို့ ကြံနေကြတုန်းလား။

ကိုယ့်အိမ်ကိုယ်မချစ်ရင်လည်း ကိုယ်တိမ်ကိုယ်ယူပြီး တစ်ခြားတစ်နေရာမှာသွားရွာပါတော့လား။

ဓါတ်တိုင်ကို ပြေးကန်မှလင်းမဲ့မီးတွေနဲ့ ငါတို့ကျန်ခဲ့  ရတယ်။
ချက်ကြိုးတင်မက သံသရာကြွေးပါဖြတ်ပေးလိုက်မယ်သွားတော့  ရတယ်။
ကြိုက်သလောက်ယူသွား ကျသလောက်ငါတို့ရှင်းလိုက်မယ်  ရတယ်။

ရတယ်။ ဒန်အိုးဒန်ခွက် ပလပ်စတစ် စက္ကူအစုတ်အပြတ်တွေနဲ့လဲမစားခင်း သွားတော့ ရသေးတယ်။
ဒီစနေ ဒီတနင်္ဂနွေမှာ
ပွဲကြိုသုံးသပ်ချက်တွေနားထောင်မနေနဲ့ သွားတော့ ရတယ်။

ဘယ်လောက်ရသလဲဆို
ဟာနုမာန်လို မြို့ကြီးတွေကိုရွေ့ယူသွားလိုက်
ငါရယ် ငါ့မိန်းမရယ် ငါ့သားရယ်
သူရယ် သူ့မိန်းမရယ် သူ့သမီးရယ်ရှိရင် ဒီမြေကိုစတင် ဒီနိုင်ငံကို
ဒီ connection နဲ့ ကမ္ဘာ့အလယ်ပြန်တင်လို့ရအောင် ရပြီ။ သွားတော့

အရေးကြီးတာက အရေးမကြီးသလိုထွက်သွားလိုက်ဖို့ပဲ
အရေးကြီးတာက အရည်းကြီးတွေလိုနောက်ထပ် ပန်းဦးမလွှတ်လိုက်ဖို့ပဲ။

အဘွားကပြောတယ် မြန်မြန်ပျံ
မှီသေးတယ် ကောင်းကင်နဲ့လွတ်ရုံလေးတဲ့။
မြန်မြန်ပြန် အဘွားကပြောတယ်
လက်ဝါးဟာ လက်ယားလာပြီ ကျားသစ်တွေတောင်ပြေးမလွတ်နိုင်တော့ဘူးတဲ့…ကဲ ။

ခရမ်းပြာထက်လူ

၂   ၀   ၁   ၂

No comments:

Post a Comment