Thursday, January 10, 2013

ငါတို့လူငယ်ဘဝ

တိတ်ဆိတ်မှုဟာ ငါ့နိုင်ငံရေးဖြစ်နေပြီဆို
မရောနှောမှုက ငါ့ယောဂကျင့်စဉ်တစ်ခုများလား။

ငါမသိဘူး
တစ်ယောက်တည်း စဉ်းစားမယ်
စဉ်းစားမှုဟာ စင်းလုံးချောလွတ်လပ်ရေးအပြည့်နဲ့။

ငါစဉ်းစားတယ်
ငါ့စဉ်းစားမှုထဲက စိတ်ကူးတစ်ခုထွက်ကျလာတယ်
ပြဒါးရှင်လုံးတစ်လုံးရရင် မင်းဘာလုပ်မလဲပေါ့။
ကမ္ဘာကြီးကို ခဏထား
ငါ့တိုင်းပြည် ငါပြန်ရအောင် အရင်လုပ်လိုက်မယ်။

သိပ်ပျင်းလာတဲ့အခါ
ငါသီချင်းအော်ဆိုပစ်ခဲ့တယ်။
ဆရာမကိုပဲအသည်းစွဲအောင်ချစ်မိပြီ ဆိုတဲ့
မရေးရ မရောက်ရသေးတဲ့ သီချင်းတစ်ပုဒ်။ ငါ
မမှတ်မိတော့ပြီ။

ငါ ပါးစပ်ဆိုင်းတီးမယ်၊ သမိုင်းဝင်တေးသွားတစ်ခုကို
သောင်းတိုက်က ကြားစေသား။ ။

ခရမ်းပြာထက်လူ

ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် ၃၄ အောက်တိုဘာ၊၂၀၁၂

ငယ်နာမည် မောင်ထိန်လင်းလို့ခေါ်တဲ့ ခင်ဗျားတို့ကျွန်တော်တို့ရဲ့ကျေးဇူးရှင်လွတ်လပ်ရေးဖခင်ကြီး
အဘိုးဦးအောင်ဆန်းရဲ့လူငယ်ဘ၀ကို ၀င်ပူးကြည့်တာပါ။

No comments:

Post a Comment