(တစ်)
၂၀၁၁ ခုနှစ်၏ မိုးရွာသော နေ့တစ်နေ့၌ international school ကလေးတစ်ခုက ဖိတ် ကြားလာသဖြင့် ကျွန်တော်အ ရောက်သွားခဲ့ပါသည်။ သစ်ပင်အ ရုပ်ကလေးတွေ တော်တော်များ များပါသော စိမ်းစိမ်းစိုစိုဖိတ်စာ ကလေးထဲ၌ မိဘများရှင့်ဟု အစ ချီကာ သစ်ပင်စိုက်ပျိုးရေးနေ့ အ ခမ်းအနားကျင်းပလိုပါသဖြင့်တို့၊ ကလေးများနှင့်အတူ ပါဝင်ဆင်နွှဲ ပေးပါရန်တို့ဟူသော စာသားများ ကို Planting Day ဟူသည့် ဖိတ် စာထဲ၌ ဖတ်ရပါသည်။
ထိုနေ့က သုံးလေးငါးနှစ်အ ရွယ် ကလေးငယ်တို့၏ သရုပ်ဖော် တင်ဆက်မှု ကလေးများက ချစ် ဖို့ကောင်းပါသည်။ သစ်ပင်အဖြစ် သရုပ်ဆောင်သူက သရုပ်ဆောင်၊ ပုဆိန်ကိုယ်စီဖြင့် သစ်ခုတ်သမား အသွင်ကပြသူက ကပြနှင့်သူတို့ ၏ ဇာတ်ခုံကလေးကို မိဘများနှင့် အတူ ငေးမောကြည့်ရှုခဲ့ရပါ သည်။ နောက်တော့လက်တွေ့ သစ်ပင်စိုက်ပွဲ။ သစ်ပင်ပေါက်စ ကလေးတွေကို မြေကြီးထဲမှာ စိုက်၊ ရေလောင်း။
သည်ကျောင်း၏ လျာထား ချက်က သစ်ပင်တစ်သိန်း စိုက် ပျိုးရန် ဦးတည်ထားသည်ဟုဆို ပါသည်။ နှစ်စဉ် နှစ်စဉ် စည်ပင် သာယာက ခွင့်ပြုသတ်မှတ်ပေး သော နေရာများ၌ အတန်အသင့် အရွယ်ရောက်သော ကျောင်းသား၊ ကျောင်းသူကလေးများနှင့် သစ် ပင်စိုက်ပျိုး၍နေခဲ့သည်မှာ သုံး လေးနှစ်ပင်ရှိခဲ့ပြီ။ သူတို့၏ ပညာ ရေးထဲ၌ သဘာဝပတ်ဝန်းကျင်ကို ချစ်စိတ်၊ ထိန်းသိမ်းစောင့်ရှောက် လိုစိတ်တို့ကို ထည့်သွင်းထားသည် ဟု နားလည်ရပါသည်။
(နှစ်)
သစ်ပင်စိုက်ခြင်းဖြင့် ကမ္ဘာ ကျော်သော အမျိုးသမီးတစ်ယောက် ရှိပါသည်။ မာထိုင်း။ Miss Wangri Maathai တဲ့။ ကင်ညာ နိုင်ငံသူ။ သူက ကမ္ဘာလှည့်ပြီး သစ်ပင်
စိုက်ခဲ့ရာ အပင်ပေါင်း သုံးသန်း။ သည့်အတွက် ၂၀၀၄ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဗယ်ဆု သူ့ကို ချီးမြှင့်လိုက်ပါသည်။
နောက်တစ်ယောက်က ရုပ် ရှင်မင်းသား ဘရက်ပစ် ( Brad Pitt ) ။ သူက ဟိမ၀န္တာတောင် တန်းကို ဘူတန် ( Bhutan ) နိုင်ငံ
အနီးတွင် ရွေးချယ်လိုက်ပြီး အနာ ဂတ်သစ်တောများ( Future Forests ) ကုမ္ပဏီနှင့် ပူးပေါင်းကာ ဒေါ်လာ ၁၀၀၀၀ ထည့်ဝင်လျက် စိုက်ပျိုးခဲ့ခြင်းဖြစ်ပါသည်။
သစ်ပင်စိုက်ရာ၌ မင်းသား လီယိုနာဒို ဒီကာပရီရို ( Leonardo Dicaprio ) ကလည်း တစ်တပ်တစ်အား ပါဝင်သူဖြစ်ပါသည်။ သူကတော့ ဂျာမနီနိုင်ငံအနီးကလိုက်ပဇ်
သစ်တောနေရာကို ရွေးပြီးစိုက်ပါသည်။ကျွန်တော်တို့ဆီမှာက တော့ ဦးငွေဆိုသည့် မန္တလေးက ဆိုက် ကားဆရာကြီးက သစ်ပင်ချစ်သူကြီးဖြစ်ပါသည်။ သမီး ခုနစ် ယောက်၏ဖခင် တောင်ကြခတ် ၀င်းနေသည့်ဆိုက်ကား ဆရာ ကြီးက မြန်မာနှစ် ၁၂၇၆ ၌ မွေး သူဖြစ်ရာသူ့အသက် ၃၈ နှစ်အ ရွယ် ၁၃၁၄ ခုနှစ်မှစကာ မန္တလေး မြို့ ၃၅ ၊ အေ-လမ်း၊ ရွှေကျီးမြင် ဘုရားလမ်း၊ ကျုံးဘေး၊ ရွှေတ ချောင်းတစ်လျှောက်တို့၌ ညောင်၊ ကုက္ကို၊ စိန်ပန်းစသည့် အပင်များ ကို ဆိုက်ကားနင်းရင်း အလျဉ်း သင့်သလို စိုက်ပျိုးသွားခဲ့သူဖြစ်ပါ သည်။ အသက် ၇၀ ကျော်သည် အထိ အပင်ပေါင်း ၅၀၀ တဲ့။ ဆေးနီသုတ်ထားသည့် သံပြားပေါ် မှာ ဆေးပြာနှင့် ရေးထားသည်က သစ်ပင်ဒကာကြီးဦးငွေတဲ့။ အပင် တိုင်း အပင်တိုင်းမှာ။
သစ်ပင်တွေ သစ်ပင်တွေ။
စိုက်ခဲ့ကြ စိုက်နေကြပုံများ။
(သုံး)
ကမ္ဘာပေါ်၌ မော်တော်ကား တို့၊ မော်တော်ဆိုင်ကယ်တို့၊ လေ ယာဉ်ပျံတို့၊ ရေခဲသေတ္တာတို့၊ လေ အေးပေးစက်တို့၊ စက်ရုံ အလုပ်ရုံ အမျိုးမျိုး အထွေထွေတို့က စက္ကန့် မလပ် ထုတ်လွှတ်နေသည့် ကာ ဗွန်ဒိုင်အောက်ဆိုက်( CO2 ) ဓာတ် ငွေ့တွေက လူ့ရပ်ဝန်းကျင်ကို လွှမ်းခြုံလျက်ရှိနေပါသည်။ သည် ကာဗွန်ဒိုင်အောက်ဆိုက်က ကမ္ဘာ ကို အပူကြီးစေပါသည်။ ကမ္ဘာပူ ခြင်း၏ နောက်ဆက်တွဲဝေဒနာများ ကတော့ တစ်ပုံတစ်ပင်ကြီး။ ၀င် ရိုးစွန်းရေခဲပြင်တို့ အရည်ပျော် တာ၊ ရေကြီးရေလျှံတာ၊ မုန်တိုင်း တိုက်တာ၊ မိုးခေါင်တာ၊ ရာသီ ပျက်တာ၊ သီးနှံအထွက်နှုန်းကျ ဆင်းတာ၊ ရောဂါဘယထူပြော တာစသည်ဖြင့်။
သည် ကာဗွန်ဒိုင်အောက် ဆိုက်ကို စုပ်ယူမည့်အရာနှစ်ခုက ပင်လယ်သမုဒရာနှင့် သစ်ပင်များ။ သို့သော် ထုတ်လွှတ်သမျှ CO2 ကို သူတို့ကုန်စင်အောင် မစုပ်ယူနိုင်ပါလေတော့။ ၂၀၀၁ ခုနှစ် စာရင်းဇယားများအရပင် ကမ္ဘာပေါ်၌ CO2 ဘီလျံ ၇ တန်ထွက်ရှိပြီး ဘီလျံ ၃ တန်ကိုသာ စုပ် ယူနိုင်ဟုဆိုပေရာ နှစ်စဉ် ဘီလျံ ၄ တန်တိုး၍ နေပါပြီ။ သည်အ တွက် သစ်ပင်တွေများများ စိုက် ဖို့လိုပါသည်။
သစ်တောဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းဇယားများ အရ ၁၉၇၅ မှ ၁၉၈၉ အထိ ၁၄ နှစ်အတွင်းတွင် သစ်တောဧရိယာ ၁၁၈၂၉ စတုရန်းမိုင် ဆုံးရှုံးခဲ့ ကြောင်း၊ ၁၉၉၀ မှ ၂၀၀၅ အထိ ၁၅ နှစ်အတွင်းတွင် နှစ်စဉ် စတု ရန်းမိုင် ၁၈၀၀ မှ ၁၉၉၆ စတုရန်း မိုင်ဆုံးရှုံးခဲ့ကြောင်း၊ ၁၉၉၀ ပြည့် နှစ်နောက်ပိုင်း ကမ္ဘာပေါ်ရှိ သစ် တောပြုန်းတီးမှု အများဆုံး ၁၀ နိုင်ငံ၌ မြန်မာနိုင်ငံပါဝင်ကြောင်း စာရင်းဇယားများထုတ်ပြန်ထားခဲ့ ရာ ကြောက်မက်ဖွယ်ရာ ရောဂါ မှတ်တမ်းပင်ဖြစ်ပါသည်။
စာရေးဆရာကိုတာ၏ ကျေး ဇူးဖြင့် အမေရိကန်ဒု-သမ္မတ ဟောင်း အယ်လ်ဂိုး ( Albert Amold Gore ) ရေးသည့် စိတ် ပျက်ဖွယ် အမှန်တရား( An inconvenient Truth ) ဆိုသော စာ အုပ်ထူကြီးကို ခဏမြည်းစမ်းခွင့် ရခဲ့ပါသည်။ ယင်းကိုပင် ရုပ်ရှင်အ ဖြစ် ပြန်လည်ရိုက်ကူးထားသည့် ဒီဗီဒီ အခွေကလေးတစ်ချပ်ကို မုံရွာမြို့သို့ ရောက်သွားခိုက် ကဗျာ ဆရာမင်းဆွေနှစ်ထံမှ လက် ဆောင်ရဖူးပါသည်။ ကမ္ဘာပျက်ပုံ ကို သွေးပျက်ဖွယ်မှတ်တမ်းတင် ထားသည့် အထောက်အထား များ။ သည်ကမ္ဘာပျက်ကို ပြုပြင်ဖို့ အခုတော့ သစ်ပင်စိုက်ကြပါပြီ။
သစ်ပင်တွေက ကျွန်တော် တို့၏ ဘ၀များစွာနှင့်နေရာတိုင်း မှာ ဆက်စပ်လျက်ရှိပါသည်။ မြတ်ဗုဒ္ဓပွင့်တော်မူရာ မဟာဗောဓိ ညောင်ပင်ရှိရာဆီသို့ ရေသွန်း မင်္ဂ
လာသွားရောက်ပြုနေကြခြင်းမှာ ကိုးကွယ်ယုံကြည်မှုနှင့် သက်ဆိုင် ပါသည်။ တက္ကသိုလ်ဘုန်းနိုင်၏ “သူငယ်ချင်းလို့ပဲ ဆက်၍ခေါ် မည်ခိုင်” ၀တ္ထုထဲက မောင်နှင့်ခိုင် တို့၏ စွယ်တော်ရွက်ကလေးမျိုး ကို စာအုပ်ကြားထဲမှာ ညှပ်ထားမိ တာက ချစ်ခြင်းမေတ္တာနှင့် သက် ဆိုင်ပါသည်။ နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ပြီးစက ရန်ကုန်တက္က သိုလ်ထဲ အပြေးဝင်ရောက်သွား ကာ သစ်ပုပ်ပင်ကြီးရှိသေးရဲ့လား ဟု သွားကြည့်ပုံက ရာဇ၀င်သမိုင်းစိတ်နှင့် သက်ဆိုင်ပါသည်။ ထနောင်းပင် ကလေးကို မြင်၍ အညာမြေကို သတိရသွားပုံက ဇာတိကိုခုံမင်မှုနှင့် သက်ဆိုင်ပါသည်။ ခြုံငုံ၍ပြောရလျှင် သစ်ပင်သည် ကျွန်တော်တို့၏ဘ၀။ ကျွန်တော်တို့၏ဝေဒနာ။ ကျွန်တော်တို့၏ မျှော်လင့်ချက်။ အခု International School လို စာသင်ကျောင်းတွေ ကအစ သစ်ပင်ချစ်စိတ်ကို ပျိုး ထောင်ပေးနေခဲ့ပါလေပြီ။ ခပ် သိမ်းသော မနက်ဖြန်တို့စိမ်းလန်း ရန် အလို့ငှာ တစ်ထောင့်တစ်နေ ရာက ပါဝင်သူများအားလုံးကို ကမ္ဘာမြေကိုယ်စားကျေးဇူးစကား ဆိုလိုက်ရပါသည်။
မောင်သာချို
No comments:
Post a Comment