Thursday, January 10, 2013

ပုံပြင်သစ်အာဖရိက ◄မောင်ရှင်စော►

မနေ့ကတော့
ဒုက္ခသည် ဖုန်လုံးကြီးထဲမှာ
မေမေက မြင်းတစ်ကောင်ကိုစီးလို့
အဲ့ဒီမြင်းသေသွားတော့
ဖေဖေ့ကိုစီးလို့
ကျွန်တော်က
မေမေ့ဗိုက်ထဲက
ပုခက်ကိုစီးလို့

ပုခက်ထဲက ခုန်ချလိုက်တဲ့အခါ
ရုတ်တရက်
ထီးတစ်ချောင်းကို ဖွင့်လိုက်သလိုပဲ
ကောင်းကင်ကြီးပွင့်သွားတယ်


မေမေရေ
ကျွန်တော်ဘယ်ရောက်နေတာလဲ
လူတွေ ... လူတွေ ကျွန်တော်မြင်ရတယ်
သေနတ်တွေကို ကျွန်တော်မြင်ရတယ်
ညစ်ပတ်နေတဲ့ ခြေထောက်တွေကို ကျွန်တော်မြင်ရတယ်

သေချာတယ်
ငိုကြွေးနေတဲ့ ပင်လယ်ကြီးထဲမှာ
ကျွန်တော်တို့ မျောနေကြပြီ
ကျွန်တော်မေးတာ ဖြေပါဦးမေမေ

မေမေဟာ
အရပ်ပုသလား၊ ရှည်သလား
ကျွန်တော့်ကိုဖန်ဆင်းပေးလိုက်တဲ့
ဘုရားသခင်ဟာ
`` တွက်ဆီလား ´´
`` ဟူတူ ´´ လား ဆိုတာ ။ ။

( ရ၀မ်ဒါ ဒုက္ခသည်စခန်းမှာ မွေးဖွားခဲ့သော ကလေးငယ်သို့ )

မောင်ရှင်စော

No comments:

Post a Comment