Thursday, January 10, 2013

စစ်ပွဲများ(၃)

စစ်ဖိနပ်တွေက ကျွန်တော့်ခါးရိုးပေါ်မှာ
စစ်ချီတေးတွေသီလို့ လျှောက်နေကြတယ်။

အများသူငါ ဆာနေတဲ့လမ်းမတွေပေါ်မှာတော့
သံချပ်ကာတင့်ကားတွေ ဥဒဟို ဖြတ်မောင်းလို့။

နှင်းဆီနံ့ စံပယ်နံ့ ကံ့ကော်ပန်းနံ့တွေအစား
ပတ်ဝန်းကျင်တစ်ခုလုံး ယမ်းခိုးယမ်းငွေ့တွေ ရမ်းကားနေ။

မော့ကြည့်လိုက်တော့
ကောင်းကင်ပြင်ကြီးထဲမှာ
ကားစင်တင်ခံရမယ့် လူ့သမိုင်းကြီးတစ်ခုဟာ စီးမျောလို့။ ။

ခရမ်းပြာထက်လူ

No comments:

Post a Comment