Tuesday, January 15, 2013

ငါတို့(များ) ◄မှူးနေ၀န်း►


ငါတို့-၁
 
ရေတံခွန်တစ်ကောင်မှာ
ဘက်ဂီယာ မပါဘူး။

မောင်းနှင်ရင်းပျော်ကြ
ကောင်းကင်ကွင်းပေါ်မှာ ဆူးမစူး။

မှူးနေ၀န်း

===================================

ငါတို့-၂
 
အဖေ့အတွက် ၊ အမေ့အတွက်
ခယ်မလေးရဲ့ သူငယ်ချင်းအတွက်
အဘအိမ်က ဒရိုင်ဘာအတွက်
မမွေးရသေးတဲ့ မြေးလေးအတွက်။

မှူးနေ၀န်း

====================================


ငါတို့-၃
 
ငါ့ကိုကြည့်
ငါ့မျက်နှာကို သေချာကြည့် ..
ပြီးတော့ ငါ့ကို ပြောပြ
ဘာကြောင့်ငါ့ကို မမြင်နိုင်ဘူးဆိုတာ သေချာပြောပြ။

မှူးနေ၀န်း

=====================================

ငါတို့-၎
 
ညီမလေးက အိုးပုတ်ခွက်လေးယူခဲ့
အဲဒီ့ထဲကို သဲဖြူဖြူလေးတွေထည့်
ညီလေးက သစ်ရွက်လေးတွေခူး
ပလတ်စတစ်ခွက်ထဲမှာ မြေကြီးခဲကို ရေနဲ့နှူးထား
ကိုကြီးတို့ ထမင်းချက်တမ်း ကစားကြမယ်နော်
...........
ဗိုက်မဆာကြေး။

မှူးနေ၀န်း

====================================

ငါတို့-၅

ငါတို့= မိမိနှင့်အခြားသောသူများ
(သို့မဟုတ်)
ငါတို့= မိမိနှင့် မခြားသောသူများ ။

မှူးနေ၀န်း

======================================

ငါတို့-၆

သူ့ကျောကုန်းပေါ်မှာငါလိုက်ပါ
ငါ့ရင်ငွေ့ကိုသူခိုလှုံကာ
ငရဲအိုးထဲမှာ။

မှူးနေ၀န်း

========================================

ငါတို့-၇

မျှော်စင်ဆောက်ကြစို့
မျှော်စင်ဆောက်မယ့်သူတွေကို
လှမ်းမျှော်ကြည့်လို့ရအောင်
မျှော်စင်ဆောက်ကြစို့ ။

မှူးနေ၀န်း

=========================================

ငါတို့-၈

နာကျင်ခဲ့ရပြီးပြီ
..
..
..
..
ဆက်လက်နာကျင်ရဦးမည်ကို မမေ့နှင့်။

မှူးနေ၀န်း

No comments:

Post a Comment