Monday, February 4, 2013

မနောမြေအက်ဖ်အမ်


ဒီနေ့အတွက် -

နံနက် ၇း၀၀ မှာ နားဝင်ပီယံ အမြောက်သံ အစီအစဉ်
နံနက် ၇း၃၅ မှာ Running Guide အစီအစဉ်
နံနက် ၇း၅၀ မှာ တို့တတွေပုန်းကြမယ် အားကစား အစီအစဉ်
နံနက် ၈း၁၅ မှာ မေမေ့ကိုပြန်ခေါ်ပေး အစီအစဉ်
နံနက် ၉း၀၀ မှာ မျှဝေပေးမှာ ၀မ်းပျက်ဝမ်းလျှောရောဂါ အစီအစဉ်
နံနက် ၉း၄၀ မှာ သေမင်းနဲ့ပြိုင်၊ဘယ်သူနိုင် အစီအစဉ်
နံနက် ၁၀း၂၅ မှာ ချိုးငှက်တောင်ပံကြွပ်ကြွပ်ကြော် ဟင်းချက်အစီအစဉ်
နံနက် ၁၁း၁၀ မှာ အလောင်းရေကြည့်၊ အဖြေညှိ ဥာဏ်စမ်းအစီအစဉ်
နံနက် ၁၁း၃၀ မှာ ပြာကျသွားသောရွာကလေး(အပိုင်း-၅) ခရီးသွားအစီအစဉ်


နေ့လည် ၁၂း၁၀ မှာ ယမ်းဆိပ်တက်ခြင်း ကင်းလိုသော် အစီအစဉ်
နေ့လည် ၁၂း၄၀ မှာ ချိုင်းထောက်အမြန်လုပ်နည်း အစီအစဉ်
နေ့လည် ၁း၁၅ မှာ ချစ်စရာ့အရွယ် ငတ်ကြမယ် အစီအစဉ်
နေ့လည် ၁း၃၅ မှာ Bullets In the Bodies အင်္ဂလိပ်စာအစီအစဉ်
နေ့လည် ၂း၀၀ မှာ ကောင်းကင်ပေါ်က မရဏငှက်များ အစီအစဉ်
နေ့လည် ၂း၂၀ မှာ လေးစားမှတ်သား၊ ဟစ်တလာ့စကား (အပိုင်း-၆) အစီအစဉ်

ညနေ ၃း၀၀ မှာ ငိုကြမယ်၊ ယိုကြမယ် အစီအစဉ်
ညနေ ၃း၃၀ မှာ ပစ်ချင်ပစ်၊ မှန်ချင်မှန် အစီအစဉ်
ညနေ ၃း၅၅ မှာ ဖေဖေ့ကိုရှာ၊ ဘယ်ခါမတွေ့ အစီအစဉ်
ညနေ ၄း၂၀ မှာ နိုင်ငံတကာမှ လက်နက်ဆန်းများ (အပိုင်း-၇) အစီအစဉ်
ညနေ ၄း၅၀ မှာ ငှက်ဖျားတက်တာ မခက်ပါ အစီအစဉ်
ညနေ ၅း၃၀ မှာ Heal the world သီချင်းဖန်တီးရှင် မိုက်ကယ်ဂျက်ဆင်နှင့်တွေ့ဆုံခြင်း အစီအစဉ်
ညနေ ၆း၀၅ မှာ ထူးမခြားနားသတင်းများ အစီအစဉ်
ညနေ ၆း၄၀ မှာ ရွှေလက်ကမ်းတာ မြန်မြန်လာ အစီအစဉ်

ည ၇း၁၀ မှာ မြေမြုပ်မိုင်းအထွက်တိုးရန် သဘာဝမြေသြဇာဖြင့် စိုက်ပျိုးခြင်း အစီအစဉ်
ည ၇း၃၅ မှာ ပက်ပက်စက်စက်၊ ဒက်ဒက်ဒက်ဒက် (Season-8) အစီအစဉ်
ည ၈း၀၀ မှာ မျှော်လင့်ချက်ကုန်၊ သတင်းစုံ အစီအစဉ်
ည ၈း၂၀ မှာ ညီမလေးကိုယ်ပေါ်မှာ လောက်တွေ အစီအစဉ်
ည ၈း၅၀ မှာ သုံးပြီးသားပတ်တီးများ ပြန်လည်အသုံးပြုနည်းလမ်းညွှန် အစီအစဉ်
ည ၉း၁၀ မှာ မဂျာဆိုင်းအိန်၏ ကျောင်းစိမ်းအကျီင်္ပေါ်မှ သွေးစက်များ (အပိုင်း-၄) အစီအစဉ်
ည ၉း၄၅ မှာ နားဝင်ချိုအေး၊ အငိုတေး အစီအစဉ်
ည ၁၀း၂၀ မှာ နောက်တစ်နေ့ဆိုတာ ရှိပါဦးမလား အစီအစဉ်

တို့ကို ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။


ဟိန်း

၂.၂.၁၂

No comments:

Post a Comment