ဒါဟာ
ပန်းဝင်စည်းအနီးက အလံတွေကြားမှာ ရှိနေသလို ကျည်ကားကားပေါ်ကဆင်းလာတဲ့
လူမည်းတစ်ယောက်ပါးစပ်က ထိုးထွက်နေတယ်။ ဒါဟာ လုံးတက်လာတဲ့မီးခိုးတွေထဲ
လွင့်ပါမသွားအောင် ဖွာထွက်ခြေထောက်သွေးကြောကြီးကို
လက်နဲ့တင်းတင်းဆုပ်ထားတယ်။ ဒါဟာ ရုပ်ရှင်ထဲက မဖြစ်နိုင်တဲ့ရိုက်ချက်လိုပဲ၊
ရဲတွေဟာ လူတွေနဲ့ လားရာဆန့်ကျင်ကြတယ်။ ဒါဟာ
တိုက်ခေါင်မိုးပေါ်ရောက်နေပြီးတော့ ပလက်ဖောင်းမှာကျောပိုးအိတ်အများကြီးနဲ့
လမ်းသလားနေတယ်။ ဒါဟာ ဘယ်သူ့ကိုမှ မစွပ်စွဲနဲ့ဦးဆိုပေမယ့် ဘယ်သူ့ကိုမှ
မငိုနဲ့ဦးလို့ မတားတော့ဘူး။ ဒါဟာ CCTVတွေရဲ့ ကျေးဇူးတရားကို
အောက်မေ့မိစေသလို ပြုံးရွှင်နေခဲ့တဲ့ ကလေးလေးကိုလည်း တွေ့မြင်ရမှာပါ။ ဒါဟာ
ပန်းစည်းတွေ တောင်လိုပုံနေတော့ အထူးတပ်ဖွဲ့နဲ့ ၀င်စီးတာပေါ့။ ဒါဟာ ညီလေး ..
ပြေး .. ပြေး .. ၊ စလိုးမိုးရှင်းချစ်ခြင်းမေတ္တာလို့လည်း
ခံစားကြည့်နိုင်ပါတယ်။ ဒါဟာ သူတို့အပေါ်မှာပဲ အာရုံစိုက်ထားပြီး မဆိုင်တဲ့
ဦးလေး၊အဒေါ်၊သူငယ်ချင်းတွေကို ကျွန်တော်တို့နဲ့ ခဏလိုက်ခဲ့ပါလို့ မခေါ်ဘူး။
ဒါဟာ မြို့သေးသေးလေးထဲ စစ်သည်အင်အားကိုးထောင်နဲ့တင့်ကားအများအပြား
တရကြမ်းမောင်းဝင်သွားတော့ တောပြဇာတ်လို လက်ခေါက်တွေထမှုတ်ခြင်းပဲ။ ဒါဟာ
သူတို့တွေ ညကြည့်မှန်ပြောင်းချွတ်၊ နားမှာခွေထားတဲ့ကြိုးအလိမ်လေးဖြုတ်၊
လက်ဖ၀ါးချင်းရိုက်၊ အားပါးတရ အော်ဟစ်ဖက်ရမ်းကြချိန် ဆေးရုံဝမှာ
သတင်းထောက်တွေဝိုင်းနေတယ်။ ဒါဟာ ခေါင်းဆောင်စကားမှာ တရားကပ်ကြောင်းပြနေလို့
အားလုံးစိတ်ချလုံခြုံရတယ်။ ဒါဟာ ငါဘာသာမပြန်တတ်လို့
ထင်ရာတွေလျှောက်ရေးလိုက်ခြင်းလည်း ဟုတ်ပါတယ်။
ဟိန်း
ခေါင်းစဉ် = ဘော်စတွန်မြို့ဗုံးပေါက်ကွဲမှုအပြီး နာရီပိုင်းအတွင်းပြောခဲ့သော သမ္မတအိုဘားမားမိန့်ခွန်းမှ ။
(ကဗျာလောက(၃)တွင် ပါဝင်)
No comments:
Post a Comment