Wednesday, January 1, 2014

ပလိန်းကိတ်ရဲ့ အရသာ ◄ ခင်ဇော်မြင့် ►


ကိုယ်နှင့်ဝေးသောနေရောင်ခြည်ကို
ပူတယ်အေးတယ်မပြောလိုတော့..။

ကိုယ့်နှလုံးသားက
ကမ္ဘာနှင့်အမျှပွင့်သောပန်းရနံ့ တို့ စွဲတယ်
ဘယ်လောက်တန်ဖိုးရှိမလဲ    ။

ဒီနေ့ တနင်္ဂနွေ
ရေနွေးအိုးတစ်လုံးတည်မယ်
ကဗျာတစ်ပုဒ်တွေးမယ်
ထမင်းလည်းတစ်ခါပဲစားမယ်
ဒီထက်ချွေတာလို့ လည်းမရ
ဒီထက်အကျယ်ချဲ့လို့ လည်းမရ     ။

အလုပ်မရှိအလုပ်ရှာ
ကိုယ့်သိမ်ငယ်မှု
ကိုယ်ကြုံရသောမျက်လုံးများနဲ့ 
ကိုယ့်ဘ၀ဇာတ်    ။

ရေချိုးခါနီး
ကိုယ့်တစ်ကိုယ်လုံးကိုယ်အနုစိတ်ပြန်ကြည့်
ဘာဆေးမင်ကြောင်မှမရှိ     ။             ။

ခင်ဇော်မြင့်

No comments:

Post a Comment