Wednesday, January 1, 2014
အမေ့ရဲ့လုံခြုံရေး
တောင်တန်းကြီးတွေကာထားဖို့မလိုပေမယ့်
ကျွန်တော်နဲ့တော့ ကွယ်ထားပါ အမေ။
ညည ထဘီတန်းအောက်က ဖြတ်လျှောက်လာတဲ့ ခွေးလေခွေးလွင့်တွေကို
ကျွန်တော် စိတ်မချဘူး။
ညည ကောင်းကင်ပေါ်က စိုက်စိုက်ကြည့်နေတဲ့ ကြယ်တွေကို
ကျွန်တော် စိတ်မချဘူး။
နေ့ခင်းကြောင်တောင် အလစ်ထိုးသုတ်တတ်တဲ့ ကျီးကန်းငှက်တွေကိုရောပဲပေါ့။
ကျည်ကာ အင်္ကျီတွေအထပ်ထပ်မလိုအပ်ပေမယ့်
ကျွန်တော်တို့နဲ့တော့ ကွယ်ထားပါအမေ။
ပိုက်ဆံ ဘယ်လောက်ရှိရှိ
နောက်ထပ်ဝယ်လို့မရတော့တာဟာ အမေဖြစ်နေလို့ပါ အရှင်မြတ်ဘုရား။ ။
ခရမ်းပြာထက်လူ
၂ ၀ ၁ ၃
Subscribe to:
Post Comments (Atom)
No comments:
Post a Comment