Wednesday, January 1, 2014

အနေအထိုင်မတတ်မှုများ



ကြယ်တွေမရိုးမရွ
ကောင်းကင် ကျိုးကျတော့မယ်
မြေကြီးကိုရွှေ့ထားရရင် ကောင်းမလား။

လမ်းဆိုးလို့ ယာဉ်ပျက်တာ
ဘယ်သူ့ကို စွဲချက်တင်ရမလဲ။ ။
မျိုးဆက်တစ်ခုလုံး ချကျွေးခဲ့တာတောင်
ရှေ့ရေးက မကောင်းနိုင်သေးဘူး။

မာယာများတဲ့ မျက်ခင်းပြင်မှာ
ကျင်းစိမ်ဖို့ကြိုးစားသူ ဂေါက်ရိုက်သမား။

ဒါကိုအပြစ်လို့ခေါ်ရင်
အပြစ်တင်ခံပါ့မယ်။

ကျူးလွန်ခဲ့သမျှမှာ ထူးချွန်ဖို့ပဲလိုတယ်။

လှသန်း

No comments:

Post a Comment