Saturday, January 18, 2014

အောက်ပါအတိုင်း ပြောင်းလဲခေါ်ဝေါ်သုံးစွဲပါရန် ◄ ထူးညို ►

စစ်ကို ချစ်
သေနတ်ကို ရှင်နတ်
ကျည်ဆန်ကို ရီ(ရယ်)သံ
ဒုံးကျည်ကို ပြုံးရီ(ရယ်)
အနုမြူဗုံးကို သူ့ငခူပြုံး
ယမ်းငွေ့ကို ချမ်းမြေ့
လက်ပစ်ဗုံးကို သက်ချစ်ဆုံး
ဆူဆိုက်(Suicide)ဗုံးကို ကြူလိုက်ဦး
လောင်ချာနဲ့ဆော်ကို မောင်လာခဲ့နော်
တာဝေးပစ်ကို ငါပြေးကစ်စ်(kiss)
အမြောက်နဲ့ထုကြည့်ကို အခြောက်နဲ့ညုမိ
သက်ခြွေမိုင်းကို မျက်ရည်ဝိုင်း
သံချပ်ကာကို ရန်ရပ်ပါ
ဓာတုလက်နက်ကို သာဓုဖက်စွက်
ဇီဝလက်နက်ကို ပီယထက်မြက်
သူလျှိုအရေးကို အပျိုအတွေး
စပိုင်ကို မလိုင်
ထောက်လှမ်းရေးကို မောင့်လွမ်းတေး
ငြိမ်းချမ်းရေးဆိုတာလည်း
မိန်းလမ်းဈေးမှာရောင်းတဲ့ ဖျော်ရည်တစ်ခွက်ပေါ့
မတော်တဆ
တို့ကမ္ဘာကြီး ငြိမ်းချမ်းခဲ့ရင် ။       ။

ထူးညို

24.11.2013

No comments:

Post a Comment