Wednesday, January 9, 2013

ရှဉ့်မလျှောက်သာလည်း ပျားစွဲဖို့လိုတယ်တဲ့

ခုံပုပုဆိုင်လေးရယ်
ဓာတ်တိုင်အောက်က ၀ိုင်းမှာ ငါထိုင်မယ်။
ပြောပါကွယ်
ဘယ်လိုမေတ္တာတရားနဲ့
တစ်ရက်ခြားတစ်ခါ ဆန်ပြုတ်လုပ်ပေးရတယ်ဆိုတာ
ဘယ်လိုစေတနာတရားနဲ့
နှစ်ရက်ခြားတစ်ခါ မုန့်ဟင်းခါးလုပ်ပေးရတယ်ဆိုတာ
ငါတို့ အစာမ၀င်မှာ စိုးသလား
မင်း အစာမ၀င်မှာ စိုးသလား
ခုံပုပုဆိုင်လေးရယ်
ဂျာနယ်ထဲမှာ စကားလုံးတစ်လုံးတွေ့တယ်
ရေရှည်စီမံကိန်းဆိုလား
ငါ့ကောင်တွေရေ...
တစ်ဘ၀လုံးပုံချင်ပုံပေါ့
ဒါပေမဲ့...
ချင့် ယုံ ။   ။

ဟိန်း




ခရမ်းရိပ်မဂ္ဂဇင်း
ဒီဇင်ဘာ၊ ၂၀၁၂

No comments:

Post a Comment