Thursday, January 10, 2013

လက် ◄လှသန်း►

လက်ဝတ်ရတနာတွေနဲ့ ဘာမှမဆိုင်တဲ့လက်
လက္ခဏာပညာရှင်တွေနဲ့ ဘယ်လိုမှမပတ်သတ်တဲ့လက်
ခုချိန်ထိ ဘာကိုမှ မိမိရရ မဆုပ်ကိုင်မိသေးတဲ့ လက်
လက်ရေးလှလှ ရေးတတ်ပေမယ့် လက်ညှိုးညွှန်ရာ ရေမဖြစ်ခဲ့တဲ့လက်
အသားမာတတ်နေပေမယ့် လက်ခမောင်းမခတ်နိုင်သေးတဲ့လက်
သဲအိတ်ထိုးရမှာ ၀န်လေးခဲ့တဲ့လက်
မြွေတွင်းကိုမှ နှိုက်ချင်နေတဲ့လက်
အဲဒီလက်က အဲဒီ့လက်ကို လက်တို့ပြီး သတိပေးတယ်
အဲဒီလက်က အဲဒီ့လက်ကို လက်ဖျားခါလိုက်တယ်
တစ်နေ့လက်ချည်းပဲ ပြန်ရမယ်ဆိုတာ သေချာနေတဲ့လက်
အဲဒီလက်က အဲဒီ့လက်ကို လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်    ။

လှသန်း

သြဂုတ် ၁၉၉၈ ရနံ့သစ်

No comments:

Post a Comment