Wednesday, January 9, 2013

မြို့သစ်ည

လာပါဘောစိ၊လာပါခင်ဗျ၊ အစားစားရှိပါတယ်။ ပြပေးပါ့မယ်လာပါဘောစိ။ ကျွန်တော့် အနောက်က လိုက်ခဲ့ပါ။ အုတ်ခဲတွေကို သေချာနင်းနော်ဘောစိ၊ဗွက်ထဲကျမစိုးလို့။ ညာဘက်ဆုံးက ၁၅၀၀ ပါ၊ ကျွန်တော့်မိန်းမ။ ဟဲ့...ကောင်မ ဖယောင်းတိုင်ထွန်းလေ။ ၁၅၀၀ကတော့ အေးအေးဆေးဆေးတန်ပါတယ် ဟုတ်တယ်မလား။ ဟိုက သမီးကြီးပါ၊ သူက ၅၀၀၀ဗျ၊ ၀င်ပြီးလို့ ဘောစိ သဘောကျရင် မုန့်ဖိုးလေးဘာလေးပေးပေါ့ ။ ဟုတ်ပါတယ်.။ မိသားစုစီးပွားရေးပါ။ အဟဲ..ကျွန်တော်လား။ ဧည့်သည်ခေါ်ပေး ပေါ့။ အခုထွက်လာတာက သမီးပဲ။ ၇၀၀၀ ။ သူက နည်းနည်းသစ်သေးတယ်။ အာ...မမေးနဲ့..လွှတ်....ပြေတာ။ ဒီအိမ်က အရင်ကအငှား၊ အခုအပိုင်။ ဟဲ ဟဲ။ ၆ သိန်းတောင်ပေးရတာဗျ၊ ဘောစိတို့ အတွက်တော့ မဆိုသလောက်လေးပါ။ ဟဲ့...သေနာမ၊ ဧည့်ပြနေတာဘယ်ထသွားမှာတုန်း။ လာ...ရှေ့နားတိုးစမ်း။ ဗျာ...မ၀င်ဘူး ဟုတ်လား....။ ဘောစိ စိတ်တိုင်းမကျတာရှိရင်ပြောပါ။ ကျွန်တော့် ပြောပါ၊ ကျွန်တော့်ဆီကဟာတွေ မကြိုက်လို့လား ။ ဘောစိ တခြားသွားချင်ရင်လိုက်ပို့ပါ့မယ်။ ဒီ အတိုင်းလာကြည့်တာ ဟုတ်လားဗျ ၊ လုပ်ပါဗျာ..၀င်လိုက်ပါ ။ အဆင်မပြေရင် တစ်ပြားမှ မပေးနဲ့ဗျာ။ အင်း....ဘောစိ သွားမယ်ဆိုလဲ အရက်ဖိုးလေးတော့ပေးခဲ့ဗျာ။ အရှိန်ကျနေပြီဗျ။အာ....ရတယ် ရတယ်။ ဒီလောက်ဆို ဖြစ်တယ်။ ဗဲလီးသိုင်းကျု ဗျာ၊ ဗဲလီးသိုင်းကျု ။ နောက်လဲလာပေါ့။ လမ်းထိပ်မှာ ကျွန်တော်အမြဲရှိတယ်။ ဖြည်းဖြည်းဘောစိ၊ ဖြည်းဖြည်းခင်ဗျာ ။ ။



ဟိန်း

(30.7.12)

No comments:

Post a Comment