Wednesday, January 9, 2013

ရည်းစားစာဟောင်းတစ်ရွက်

တစ်ခုခုနဲ့ ထည့်ထားဖို့ လိုပြီ..။
ဖွဖွလေးကိုင်ရတယ်...
ငိုမိ ရယ်မိတာနဲ့
ဆတ်ခနဲကြွေကျသွားနိုင်တယ်လေ...။
စာမကျက်ဘဲခိုးရေးခဲ့ရတာ..
စကားလုံးတွေက အဖြူအစိမ်းလေးတွေ ၀တ်လို့ ...။
မျက်နှာတွေပူပြီး
ခြေဖျားလက်ဖျားတွေအေး
ဒီလိုအခြေအနေနဲ့ ငေးခဲ့ဖူးတယ်..။
မုန့်စားဆင်းချိန်လေးလည်းပါတယ်။
ကလစ် ပန်းရောင်လေးလည်းပါတယ်။
သရဲချိုချဉ်လည်းပါတယ်။
ငှားပြီးပြန်မပေးဖြစ်တဲ့ခဲဖျက်လေးက အဓိကဇာတ်ဆောင်။
အဲ့ဒီတုန်းကတော့
တ၀ုန်းဝုန်းလောင်ခဲ့တဲ့...
အသံတိတ် မီးတောက်ပေါ့။
တစ်ခုခုနဲ့ ထည့်သိမ်းထားရမဲ့အကြောင်း
ပဲ့နေတဲ့ အနားကလေးတွေက သက်သေ..။
အပြင်က အိတ်ကလေးယူဖို့..
သူ့ မင်္ဂလာဆောင်ဖိတ်စာလေး အထဲက ဆွဲထုတ်လိုက်တယ်...။..။

ဟိန်း

(၇တန်း၊၈တန်းလောက်က စိတ်ကူးယဉ်ပြီးရေးထားတဲ့ကဗျာလေးပါ။
ကျောင်းစာအုပ်အဟောင်းတွေဆီပြန်လှန်ရင်းတွေ့မိတော့ ငယ်ဘ၀ကိုလွမ်းဆွတ်စွာ ပြန်အောက်မေ့ရပေါ့)

No comments:

Post a Comment