Tuesday, January 15, 2013

နှင်းဆီပွင့် ◄မင်းသုဝဏ်►

လယ်တောက ပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး။

မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနှင့်
ဂုဏ်တင့်တယ်လေး။ ။
မင်းသုဝဏ်

(တစ်ဆက်တည်း ဆရာသော်တာတွေရဲ့ စာပြောင်လေးကို ဖော်ပြလိုက်ပါတယ်။)

ထန်းတောကပြန်
အန်ချင်တယ် ထန်းရေဗူးလွယ်လို.
မောင်မူးတယ်လေး။
မနက်တုန်းဆီက
ချက်ပုလင်းမြင်ပြန်တော့
ဝက်နံကင် ဘဲကင်ကြီးရယ်နှင်.
မြည်းလိုက်ချင်သေး။

သော်တာဆွေ
 
 

1 comment:

  1. ကဗျာလေးတွေ လှလိုက်တာ...

    တင်ပေးတဲ့ ခင်ဗျားကို ကျေးဇူးတင်တယ်ဗျာ

    ကဗျာတွေ ဖတ်သွားတယ်. :)

    Mr.?

    ReplyDelete