စိန်နားပန်ကြီးတစ်လုံးတက်သွားပြီ
ညမီးကျည်ကြီးတစ်လုံးတက်သွားပြီ
သိန်းငါးဆယ်တန်တယ်တဲ့...သိန်းတစ်ရာတန်တယ်တဲ့...
ဟယ်...လှချက်တော့်..ယောက်ျားရေ..
ကျုပ်တို့အိမ်လောက်ရှိတယ်။
လာကြည့်စမ်း ..လှချက်တော်...
လသာသာအောက်မှာတောင်မှ
သူတို့ဗိုက်ဟောင်းလောင်းကို သူတို့ မမြင်နိုင်ခဲ့ကြ။
ဟိန်း
No comments:
Post a Comment