Friday, February 22, 2013

အချစ် (သို့) မာမာ ◄ နွယ်စိမ်းဝေ ►

လမ်းတွေက
ကိုယ့်ကို မလျှောက်ကြတော့ဘူး။

မီးတွေက
ကိုယ့်ကို မလင်းကြတော့ဘူး။

ဖုန်းတွေက
ကိုယ့်ကို မပြောကြတော့ဘူး။

ရောက်ချင်ရာရောက်
အဖုံးပိတ်ပြီး
ပင်လယ်ထဲ ပုလင်းတစ်လုံး ပစ်ထည့်လိုက်သလို
ဖြစ်ချင်ရာဖြစ်
ဘ၀ထဲ ကိုယ့်ကိုယ်ကို ပစ်ထည့်လိုက်တယ်။

အံ့သြစရာ ..
ဘုရားပေးတဲ့ အသက်
ဒီ "ညီမလေး" က ကိုယ့်ကို ဆယ်ယူခဲ့တယ်။ ။


နွယ်စိမ်းဝေ

No comments:

Post a Comment