Tuesday, May 28, 2013

အလုပ်ကြမ်းနဲ့ထောင်တန် ၃ ရွက်



ဘုရားသခင်နဲ့ခွေးတစ်ကောင်
အတူတူပါပဲဆိုတဲ့အစွန်းရောက် နဲ့ အကြမ်းဖက်သမားတွေရဲ့ကြားမှာ

ဗလာစီယာနဲ့အတွင်းခံဘောင်းဘီပြီးရင်ပြီးပါပြီဆိုတဲ့
အဖွင့်ကြမ်းအတက်ကြမ်း ယဉ်ကျေးမှုအရင်းကျမ်းကြီးပါပြုတ်ထွက်သွားတဲ့
ယဉ်ကျေးပါတယ်ဆိုတဲ့လူ့အဖွဲ့အစည်းကြီးတစ်ခုရဲ့အန်ဖတ်တွေကြားမှာ

ထောင်မြင်ပေမယ့်ရာနဲ့ချီ စွန့်သွားတဲ့ တော်လှန်ရေးသမားတွေနဲ့
ထောင်မြင်လို့ရာစွန့်နေတဲ့ ခရိုနီတွေကြားမှာ

ကားတွေကလည်းကောင်းပါတယ်
လမ်းတွေကလည်းဟောင်းပါတယ်
လူတွေကလည်းတောင်းပါတယ်

သာမန်ပြည်သူအူတူတူလေးများ ခင်ဗျာမှာတော့
နေ့စဉ်
အလုပ်ကြမ်းနဲ့ထောင်တန်၃ ရွက်
မိသားစုအထဲဘယ်သူ့အသက်ကိုအရင်ကယ်ရမလဲနဲ့ သွေးတွေခဲလို့။ ။

ခရမ်းပြာထက်လူ
(  ၂  ၀  ၁  ၃  )

No comments:

Post a Comment