Wednesday, May 29, 2013
ကိုယ့်အရိပ်တောင်ကိုယ့်ကိုလုပ်ကြံဖို့ အနောက်က လိုက်နေသတဲ့လား
ငါငှက်တစ်ကောင် မဖြစ်ချင်တော့ဘူး
ငါဖြတ်ပျံသွားရမယ့် မြို့တိုင်းကို ငါ သံသယရှိတယ်
သူတို့ငါ့ကို ပစ်ချကြလိမ့်မယ်။
ငါလူတွေကြားထဲ မသွားချင်တော့ဘူး
ရောင်စုံခဲတံဘူးထဲကရောင်စုံလူတွေကို ငါ သံသယရှိတယ်
ငါ့ကိုသူတို့ အသေခံ ဗုံးခွဲကြလိမ့်မယ်။
ငါဘုရားသခင် မဖြစ်ချင်တော့ဘူး
ငါသီတင်းသုံးမယ့်မြို့တွေကို ငါ သံသယရှိတယ်
ငါ့ကိုသူတို့ အဆိပ်ခပ်ကြလိမ့်မယ်။
ငါကမ္ဘာကြီး မဖြစ်ချင်တော့ဘူး
ငရဲကျွတ်တာတောင် သူမကျွတ်တော့မယ့် ဒုက္ခကြီးနဲ့
သူဘယ်လောက်ကြီးတဲ့ ၀ဋ်ကြွေးကြီးကိုယ်ဝန်ဆောင်ပြီး ဆက်သွားနေရမယ်ဆိုတာ
ခုငါ (Live show ) ကြည့်သလို ကြည့်နေရလို့ပဲ။
ခရမ်းပြာထက်လူ
( ၂ ၀ ၁ ၃ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment