Wednesday, January 1, 2014

အချစ်


အစားအစာမှာ
အဟာရ ရှိတယ်
လိမ္မာပါးနပ်မှု ရှိတယ်
မြင့်မြတ်တဲ့ လုပ်အားတွေရှိတယ်။

အ၀တ်အထည်တွေမှာ
ယဉ်ကျေးမှု ရှိတယ်
သွေးဆောင်ဖြားယောင်းမှု ရှိတယ်
ပြောင်းလဲတဲ့ အဘိဓမ္မာ ရှိတယ်။

အိမ်တွေမှာ
တည်ငြိမ်တဲ့ အလင်း ရှိတယ်
သန့်ရှင်းတဲ့ ဂီတ ရှိတယ်
သေခြင်းတရားလည်း ရှိတယ်။

သူမမှာ
နာရီတစ်လုံး ရှိတယ်။

ကျွန်တော့်မှာ
ဖျာတစ်ချပ် ရှိတယ်။

သူမနဲ့ ကျွန်တော့်ရဲ့ကြားထဲမှာ
အသက်ရှူကြပ်နေတဲ့ ကမ္ဘာကြီးရှိတယ်။ ။

လှသန်း

No comments:

Post a Comment