Sunday, January 12, 2014

တံခါးရွက်နှစ်ခု ◄ ခင်ဇော်မြင့် ►

တံခါးရွက်နှစ်ခုဟာ
အလုပ်ရှုပ်တယ် ။

သေတဲ့လူသေတယ်
ရူးတဲ့လူရူးတယ် ။

အမှန်တကယ်
တံခါးရွက်နှစ်ခုဟာ
အလုပ်ရှုပ်တယ် ။

မပြောသင့်သောစကားကိုပြောနေဆဲ
ပြောသင့်သောစကားကိုမေ့နေဆဲ
ငါ့အရိပ်လည်းသမံတလင်းမှာငြိနေဆဲ ။

စိတ်မောစရာ
ငါခြေတင်ထားတဲ့ခုံကမငြိမ်ဘူး
ငါလက်တင်ထားတဲ့ပခုံးကမငြိမ်ဘူး

ငါ့အနားမှာ
ဘ၀ကိုပြောင်းပြန်လွမ်းတဲ့လေချွန်သံ ။

တံခါးရွက်နှစ်ခုနဲ့ပက်သက်လို့တော့
ကျွန်တော့မှာမူရင်းမရှိဘူး ။ ။


ခင်ဇော်မြင့်

No comments:

Post a Comment