Wednesday, August 21, 2013

မြို့သိမ်းကဗျာ◄ ကိုရွေး ►



မြို့ချစ်သကောင့်သားတို့
မြို့ချစ်ညီရင်းအစ်ကိုတို့
ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ

မင်းတို့မြို့ဟာယဉ်ကျေးမှုရဲ့အသည်းနှလုံး
မင်းတို့မြို့ဟာစီးပွားရေးအရကျုံးပေါ့
လယ်ယာမြေကောင်းထဲ ရေငန်တွေဝင်လာသလို
မင်းတို့မြို့ထဲလူငန်တွေဝင်လာနေပြီ
အောင်မြင်တဲ့ဂျုံခင်းထဲ ကျိုင်းအုပ်တွေကျလာသလို
မင်းတို့မြို့ထဲလူကျိုင်းတွေကျလာနေပြီ
ရန်သူဟာ
ကျည်တစ်တောင့်မဖောက်ဘဲ
မြို့ကိုသိမ်းနေပြီ
ပေါင်မုန့်အနားသားလို
မြို့ချစ်သကောင့်သားတို့
အစွန်အဖျားကိုဆုတ်ခွာနေရပြီ
မြို့ချစ်ညီရင်းအစ်ကိုတို့
မင်းတို့ကလောင်အစွမ်းဟာ
အမှောင်ခြမ်းမှာအိပ်မပျော်စေနဲ့
ဦးနှောက်ကိုမီးထွန်းကြ
ဦးနှောက်ကိုမုန်တိုင်းဆင်ကြ
မင်းတို့မြို့ဟာ လှန်ထားတဲ့စာအုပ်
မင်းတို့မြို့ဟာဖွင့်ထားတဲ့ ဘောလ်ပင်
ကိုယ့်သမိုင်းကို ကိုယ်ရေးကြ
ကိုယ့်ခေတ်မှာ ကိုယ်မညံ့စေနဲ့
အနာဂတ်သမိုင်းဖတ်စာမှာ
မြို့ကုန်ကူးသူထဲမင်းမပါစေနဲ့
အနာဂတ်သမိုင်းဖတ်စာမှာ
မြို့ရောင်းစားသူထဲမင်းမပါစေနဲ့

မင်းတို့မြို့မှာ
လင်းလက်တဲ့သာသနာရှိတယ်
မင်းတို့မြို့မှာကိုယ်ပိုင်မြစ်ရှိတယ်
မင်းတို့မြို့မှာကိုယ်ပိုင်ကျုံးရှိတယ်
မင်းတို့မြို့မှာကိုယ်ပိုင်တောင်တန်းတွေရှိတယ်
မင်းတို့မြို့မှာကိုယ်ပိုင်ယဉ်ကျေးမှုတွေရှိတယ်
မင်းတို့မြို့မှာ ဦးပိန်တံတားရှိတယ်
မင်းတို့မြို့မှာကမ္ဘာသိရာဇ၀င်တွေရှိတယ်

မင်းတို့မြို့မှာမင်းတို့ရှိနေကြတယ်
ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ

ရောင်းရင်းတို့
သူငယ်ချင်းတို့
ညီရင်းအစ်ကိုတို့
မြို့ချစ်သူရဲကောင်းကြီးတို့

သတိတရားလက်ကိုင်ထားကြ
ကိုယ့်မြို့ကိုကိုယ်ပြန်သိမ်းကြ
ကိုယ့်မြို့ကိုကိုယ်ပြန်သိမ်းကြ
ကိုယ့်မြို့ကိုကိုယ် မြန်မြန်ပြန်သိမ်းကြ ။

ကိုရွေး

၂၈-၉-၂၀၁၁

No comments:

Post a Comment