
ပင့်သက်တိုင်းမှာ
အဆုတ်ကို ၀င်ဝင်ဆောင့်တဲ့ သနပ်ခါးရနံ့လေး
ကိုယ် .. ဘယ်အတွင်းအားနဲ့ တွန်းထုတ်ရမလဲ။
လူတွေကလည်း ခက်တယ်
လာထိတဲ့အရှိန်ကိုပဲ ဖွဲ့တယ်
ဝင်စိုက်တဲ့ အတိမ်အနက်ကို မမြင်ဘူး
ကြယ်သီးမှာ ငြိနေတဲ့ ဆံပင်ရှည်လေးဟာ
မတော်တဆရတဲ့ အမှတ်တရ
ဒါ့အပြင်...
ကြိုက်တဲ့အသိုင်းအ၀ိုင်းနဲ့ဆွဲ
မပြတ်တော့တဲ့ ချည်နှောင်ပြီးသား ကြိုးတစ်စ။
လေတိုက်ရင်တောင် မင်းတို့မလှုပ်နဲ့ လို့
သစ်ရွက်ကလေးတွေကို လှည့်ဟောက်ပြီးတော့
ကိုယ်က သိသိကြီးနဲ့ ဆက်သွားတယ်
သူက သိသိကြီးနဲ့ ဆက်လိုက်တယ်
အချိန်တန်လို့ ပြန်ကြရတဲ့အခါ
သူ့ဘယ်ဘက်ပခုံးပေါ်မှာ ကိုယ့်roll-onရနံ့ဟာ စွဲလို့
ကိုယ့်ညာဘက်ပခုံးပေါ်မှာ သူ့shampooရနံ့ဟာ မြဲလို့
ချိုချဉ်လေးတစ်လုံးကို
ဝေစုမတည့်ရာက စတယ်
ဘယ်တော့မှ မဆုံးတော့ ။
ဟိန်း
၂.၁၂.၁၃
No comments:
Post a Comment