Friday, January 2, 2015

ပြိုင်ပွဲ

သူပိုင်တဲ့ မှဲ့ကလေးတွေကို
ကိုယ့်နှုတ်ခမ်းနဲ့ တစ်ခါထောက်တိုင်း
တစ်မှတ်ရတယ်
သူပဲ ဒိုင်၊ သူပဲ ပြိုင်ဘက်။

သူ့သွားလေးတွေ ကိုယ့်ပခုံးထဲနစ်ဝင်သွားတဲ့အခါ
တစ်မှတ်ပြန်ပေးရတယ်
ကိုယ်ပဲ ဒိုင်၊ ကိုယ်ပဲ ပြိုင်ဘက်။

သံသရာဟာဘယ်မှာဆုံးလဲ
ကိုယ်တို့ကို မေးကြလိမ့်မယ်
အမြဲတမ်းသရေကျနေမယ့်ပွဲကို
အမြဲတမ်းကစားသွားမှာမို့။

ဟိန်း

၆.၁.၁၄

No comments:

Post a Comment