Friday, January 2, 2015

နှစ်သစ်ကူး


၂၆ဘီလမ်းမှာ ရွှေစာလုံးနီနီကြီးတွေ သိပ်လှတာပဲ
ဝေးဝေးကကြည့်ရင် ပိုလှတယ်
ကြည့် . . . ကြည့် ။
လမ်း၈၀က ပစ်လွှတ်လိုက်တဲ့ မီးရှူးမီးပန်းတွေ သိပ်မိုက်တာပဲ
ဝေးဝေးကကြည့်ရင် ပိုမိုက်တယ်
ကြည့် . . . ကြည့် ။
နန်းရှေ့၆၆လမ်းမှာ မီးပုံးနီနီလေးတွေ သိပ်လှတာပဲ
ဝေးဝေးကကြည့်ရင် ပိုလှတယ်
ကြည့် . . . ကြည့် ။
မြောက်ပြင်၁၂လမ်းမှာနဂါးအကနဲ့ဖျော်ဖြေတာ သိပ်ကောင်းတာပဲ
ဝေးဝေးက ကြည့်ရင်ပိုကောင်းတယ်
ကြည့် . . . ကြည့် ။
ဒေသထွက် အကောင်းဆုံးပါဖောမန့်စ်ကို ကြည့် . . . ကြည့် ၊
အရမ်းဂွတ်တယ်
ကျုံးရေကို တစ်ကျိုက်တည်းကုန်အောင်သောက်၊
နန်းမြို့ရိုးပေါ် တစ်ချက်တည်းရောက်အောင်ခုန်၊
ပြီးမှစိန်ဗေဒါကြေးရုပ်ထုရှေ့ ဗျပ်စောင်းတီးပြနေတဲ့ ပြကွက်လေ။
ဝေးဝေးက ကြည့်ရင်ပိုဂွတ်တယ်
ကြည့် . . . ကြည့် ။

ပိုလှတယ်၊ ပိုမိုက်တယ်၊ ပိုကောင်းတယ်၊ ပိုဂွတ်တယ် ဆိုလို့
ဝေးဝေးကနေ ပျော်ပျော်ကြီးကြည့်နေကြပါတယ်
သတိဝင်လာတော့ . . . ငါတို့ ..
မြစ်ငယ်တံတားထိပ်ရောက်နေပြီ
အောင်ပင်လယ်ရောက်နေပြီ
ပုသိမ်ကြီးရောက်နေပြီ
ရှမ်းကလေးကျွန်းရောက်နေပြီ
ရွှေကျင်လမ်းခွဲရောက်နေပြီ
ကြည့် . . . ကြည့် ။


ဟိန်း

No comments:

Post a Comment